စိတ်အဆင်မပြေတဲ့နေ့တွေမှာ စိတ်အဆင်ပြေလာပြီး နေလို့ပိုကောင်းသွားအောင် လုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ အဆင်မပြေတဲ့အရာတွေကြုံရတိုင်း စိတ်ညစ်နေမယ့်အစား ဒီအရာတွေလုပ်ပြီး စိတ်ပျော်အောင်၊ ပြန်ပြီး relax ဖြစ်သွားအောင် လုပ်ကြည့်လိုက်နော်။

စောစောအိပ်ပါ

စိတ်အဆင်မပြေတဲ့နေ့တွေမှာ ညဘက်တွေအထိ ထိုင်တွေးနေမယ့်အစား စောစောအိပ်လိုက်ပါ။ အဲ့တာအကောင်းဆုံးပါပဲ။ ဘာမှမလုပ်ချင်တဲ့သူတွေဆိုလည်း အိပ်သာအိပ်နေလိုက်ပါ။ အိပ်ရေးလည်းဝသလို ဘာမှလည်းမတွေးဖြစ်တော့ပါဘူး။

ရုပ်ရှင်ကြည့်ပါ

စိတ်အဆင်ပြေတဲ့အခါ ဘာမှတွေးမနေတော့ပဲ ရုပ်ရှင်ကြည့်လိုက်ပါ။ ရယ်စရာတွေကြည့်ရင် ရယ်မောပျော်ရွှင်ရမှာဖြစ်သလို စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တွေ ကြည့်ရင်လည်း ရုပ်ရှင်ထဲမျောပြီး ဘာမှတွေးဖြစ်တော့မှာ မဟုတ်ပါဘူး။

ကြိုက်တဲ့အစားအသောက်တွေစားပါ

အစားတစ်လိုင်းတွေဆိုရင် စိတ်အဆင်မပြေတဲ့အချိန် အားလုံးကိုမေ့ထားပြီး ကိုယ်ကြိုက်တဲ့ အစားအသောက်တွေသာ စားနေလိုက်ပါ။ စိတ်ပျော်ရွှင်ကျေနပ်မှု အပြည့်အဝရလာပါလိမ့်မယ်။

လုပ်ချင်တာကိုလုပ်ပါ

အဆင်မပြေတဲ့ အကြောင်းအရာတွေကိုပဲ တွေးပြီးစိတ်ညစ်ခံနေမယ့်အစား ကိုယ်ဘာလုပ်နေလဲ စဉ်းစားလိုက်ပါ။ ကိုယ်လုပ်ချင်တာတွေကို လုပ်ချပစ်လိုက်ပါ။

တရားထိုင်ကြည့်ပါ

စိတ်အဆင်မပြေတဲ့အခါ၊ စိတ်ပင်ပန်းနေတဲ့အခါမှာ တရားဖွင့်ပြီး တရားနာရင်းနဲ့ တရားထိုင်ကြည့်ပါ။ ကြာကြာထိုင်နိုင်လေ ကောင်းလေပါပဲ။