အပြောင်းအလဲမြန်တဲ့ ခေတ်ကာလမှာ ရေပန်းစားမှု Trend တွေက တစ်နေ့တစ်မျိုး မရိုးရပါဘူး။ ဒါ့အပြင် အပြစ်ပြောစရာမရှိအောင် လှလွန်းတဲ့ မိန်းကလေးတွေကိုလည်း နိုင်ငံအနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ သင့်အနေနဲ့ ပြစ်မျိုးမှဲ့မထင်လှတဲ့ မိန်းကလေးတွေကို ကြည့်ပြီး ကိုယ့်ကိုကိုယ် အားမလို အားမရ ဖြစ်ဖူးမှာပါ။ ဒါကြောင့်လဲ ဒီအကြောင်းအရာကို လာဖတ်တာပါ။ သင်က ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိရင်တောင် အချိန်တိုင်းတော့ ဒီလိုမဖြစ်သင့်ပါဘူး။ ကိုယ့်အလှကိုယ် တန်ဖိုးထားသင့်ပါတယ်။ဒီတော့ ကိုယ့်ကိုကိုယ် မလှဘူးဆိုတဲ့ ခံစားချက်ဝင်လာတိုင်း လုပ်သင့်တာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်ကို အားကျသူတွေ ရှိပါတယ်

သင် ပထမဆုံးလုပ်ရမယ့် အရာကတော့ ကိုယ့်စိတ်ကို ပြန်ပြင်တာပါ။ သင်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း သူတွေထဲ သင့်ကို တိတ်တခိုး အားကျနေသူ တစ်ယောက်ယောက်တော့ ရှိကိုရှိပါတယ်။ လူတိုင်းမှာ အားသာချက်တွေ ပိုင်ဆိုင်ကြစမြဲပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် မလှဘူးလို့ မမြင်ဘဲ ကိုယ့်အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ပြောင်းလဲသင့်ပါတယ်။

၂။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားပါ

ရုပ်သိပ်ကြည့်မကောင်းပေမယ့် အသားအရေကောင်းပြီး ပြင်ပြင်ဆင်ဆင် နေတတ်တဲ့မိန်းကလေးတွေကို သင်မြင်ဖူးမှာပါ။ သင့်အသားအရေ အတွင်းရောအပြင်ပါ လှပဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ၊ အသီးအနှံတွေကို ပုံမှန်စားပေးသင့်ပါတယ်။

၃။ တရားထိုင်ပါ ယောဂကျင့်ပါ

အလှအပတိုင်းက တစ်ချိန်ချိန် ပျောက်ကွယ်သွားရတာချည်းပါပဲ။ မပြောင်းလဲတာကတော့ ကိုယ့်အတွင်းစိတ်ပါပဲ။ တည်ငြိမ်တဲ့မိန်းကလေး တစ်ယောက်ဖြစ်ဖို့ တရားပုံမှန်ထိုင်ပေးတာ၊ ခန္ဓာကိုယ်ကျန်းမာဖို့ ယောဂကျင့်တာတွေကို လုပ်သင့်ပါတယ်။

၄။ တခြားသူတွေကို ကူညီပေးပါ

ကိုယ်က တခြားသူတွေကို ကူညီလိုက်လို့ သူတို့ဘဝသာယာသွားတဲ့အချိန် ရလိုက်တဲ့ ဝမ်းမြောက်မှုကို ပရဟိတလုပ်ဖူးသူ မိန်းကလေးတိုင်း သိမှာပါ။ ကိုယ့်အတွက်ကိုယ် လုပ်သလို တခြားအကူအညီလိုနေသူတွေကိုလည်း ကိုယ်တက်စွမ်းသလောက် ကူညီပေးသင့်ပါတယ်။

၅။ ဘယ်အရာမှ အရေးမကြီးဘူး

သင့်ထက် လှတဲ့ မိန်းကလေးတွေရှိရင်တောင် ဒါတွေက သင့်အတွက် အရေးမကြီးပါဘူး။ သင့်မိသားစုလောက် အရေးမကြီးပါဘူး။ သင်ကြိုက်တဲ့ အစားအသောက်တွေလောက် အရေးမကြီးပါဘူး။ ဒါကြောင့် ဘယ်သူတွေကတော့ ဘယ်လိုလှတာ၊ ဘယ်လိုပြည့်စုံသာယာနေတာ စတာတွေကို မစဉ်းစားဘဲ ကိုယ့်အတွက် အရေးကြီးတဲ့အရာ၊ လုပ်စရာတွေကိုပဲ အာရုံစိုက်နေသင့်ပါတယ်။ ကိုယ့်ရဲ့ ဘယ်နေရာမှာ ဘယ်လိုလုပ်လိုက်ရင် ပိုလှသွားမယ်ဆိုတာကိုပဲ တွေးနေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar