လူတိုင်း အောင်မြင်ချင်ကြသူ၊ ပျော်ရွှင်ချင်ကြသူချည်းပါပဲ။ ကိုယ့်ပျော်ရွှင်မှုက ကိုယ်လုပ်တဲ့ အရာတွေပေါ် အဓိက မူတည်ပါတယ်။ သင်က သင့်တစ်နေ့တာကို အကောင်းဆုံး ဖြတ်သန်းချင်တယ်ဆိုရင်တော့ အောင်မြင်သူတွေရဲ့ ပြုလုပ်ပုံတွေထဲက ကိုယ်နဲ့ အဆင်ပြေတာကို ရွေးယူသင့်ပါတယ်။ ဒီတော့ ပိုစိတ်ချမ်းသာဖို့ကောင်းတဲ့ မနက်ခင်း တစ်ခုကို ပိုင်ဆိုင်ဖို့ ညကတည်းက ပြုလုပ်သင့်တဲ့ အရာ (၅) ခုကို ကြည့်လိုက်ရအောင်နော်-

၁။ အခန်းသန့်ရှင်းရေးလုပ်ပါ

မနေ့ညက အရှုပ်ထုပ်ကို နောက်နေ့အထိ သယ်လာတာမျိုး မလုပ်သင့်ပါဘူး။ ရှင်းဖို့ လိုတာတွေကို ညကတည်းက ကြိုရှင်းထားသင့်ပါတယ်။ ညတည်းက ရှင်းလင်းနေတာကြောင့် မနက်မိုးလင်းတဲ့အချိန် အိပ်ရာ ခေါက်ရုံက လွဲပြီး တခြား ထူးထူးခြားခြား လုပ်စရာမလိုတော့ပါဘူး။

၂။ အိပ်ယာဘေးမှာ ရေချထားပေးပါ

အိပ်ယာက နိုးတဲ့အချိန် ရေတစ်ခွက်သောက်ပေးတာက အိပ်ရာ စောစော နိုးစေသလို တစ်ညလုံး လိုအပ်နေတဲ့ရေဓာတ်ကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ သင်က အိပ်ရာ စောစော နိုးချင်သူဆိုရင် နိုးနိုးချင်း ရေတစ်ခွက် သောက်လိုက်တာက သင့်ကို လန်းဆန်းသွားစေပါလိမ့်မယ်။

၃။ အိပ်ယာဘေးမှာ စာအုပ်တစ်အုပ် ချထားပေးပါ

ညဘက် အိပ်ခါနီး ဖုန်းကိုင်တာထက် စာအုပ် ကိုင်တာက ကိုယ့်အတွက် ပိုအကျိုး များစေပါတယ်။ ညဘက် ဖုန်းမသုံးခင် စာအုပ် ၁၀ မျက်နှာ ဖတ်မယ်လို့ ကိုယ့်ကိုကိုယ် ကတိပေးထားပါ။ ဒီအတိုင်း ညဘက်တိုင်း စာအုပ်ဖတ်ပေးသင့်ပါတယ်။ ညဘက် စာအုပ်ဖတ်ထားတာကြောင့် မနက်မိုးလင်းလို့ အလုပ်တာဝန်တွေ ထမ်းဆောင်တဲ့အခါ စိတ်သစ် ကိုယ်သစ်နဲ့ ကောင်းမွန်တဲ့ သဘောထားနဲ့ စတင်နိုင်မှာပါ။

၄။ To-Do List လုပ်ပေးပါ

မတိုင်ခင်ညကတည်းက နောက်နေ့အတွက် လုပ်စရာတွေကို ကြိုရေးထားသင့်ပါတယ်။ နောက်နေ့မှာ ဘာလုပ်စရာရှိလဲ၊ ဘာလုပ်ချင်လဲ စတာကို ညကတည်းက ရေးသင့်ပါတယ်။ ကိုယ့်ရည်မှန်းချက်တွေကို ညကတည်းက ကြိုသတိရသင့်ပါတယ်။

၅။ အိပ်ယာဘေးမှာ ယောဂဖျာထားပါ

အိပ်ယာနိုးတာနဲ့ လှုပ်လှုပ်ရှားရှား နေနိုင်ဖို့ ယောဂဖျာ အဆင်သင့် ထားသင့်ပါတယ်။ နောက်နေ့မှာ ဘယ်လေ့ကျင့်ခန်း လုပ်ချင်လဲ မအိပ်ခင်တည်းက ကြိုစဉ်းစားထားသင့်ပါတယ်။ နိုးတာနဲ့ ယောဂဖျာကို မြင်နေရတာကြောင့် အားကစား လုပ်ဖြစ်ဖို့ ပိုတွန်းအားဖြစ်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar