အဝေးရောက် ချစ်သူ Long Distance Relationship ဘဝက တချို့အတွက်တော့ ဘယ်လိုမှ ညှိမရတဲ့ အရာဖြစ်သလို တချို့အတွက်လည်း မဖြစ်မနေ နေရမယ့် အခြေအနေ ဖြစ်နေနိုင်ပါတယ်။ တချို့အခြေအနေတွေက ချစ်သူနှစ်ဦးကို အလှမ်းဝေးသွားစေပါတယ်။ အလုပ်တာဝန်၊ မိသားစုလိုက် ပြောင်းရွှေ့တာ စတဲ့ အရာတွေက ချစ်သူတွေကို LDRS ဘဝကို ရောက်စေတတ်တဲ့ အရာတွေပါပဲ။ သင့်အနေနဲ့ လက်ရှိမှာ LDRS မဖြစ်သေးရင်တောင် ရှေ့အနာဂတ်မှာ LDRS အခြေအနေကို ရောက်နိုင်တယ်ဆိုရင် မဖြစ်ခင်တည်းက သဘောတူ ညှိနှိုင်းထားသင့်တဲ့အရာတွေ ရှိပါတယ်။ ဘယ်အရာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ အကွာအဝေး

သူနဲ့ ဝေးတာက ဘယ်အခြေအနေ အတိုင်းအတာထိ ဝေးနိုင်လဲ အရင် သိထားသင့်ပါတယ်။ ရထားနဲ့ သွားရမယ့် ခရီးလား၊ ကားနဲ့ လေယာဉ်နဲ့ သွားရမယ့် ခရီးလား စသဖြင့် မဖြစ်ခင်တည်းက ပိုက်ဆံအခြေအနေကို ကြိုစဉ်းစားသင့်ပါတယ်။ အဝေးကြီး ဖြစ်ရင်တောင် သင့်အနေနဲ့ လက်ခံနိုင်ရဲ့လား စဉ်းစားဖို့ လိုပါတယ်။

၂။ ထိတွေ့မှု

တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာတဲ့အခါ ကြင်နာ ယုယမှု၊ ထိတွေ့မှုတွေက အတိုင်းအတာနဲ့ ဖြစ်သွားပါပြီ။ ကိုယ့်စိတ်ကြိုက် ပွေ့ဖက်ခွင့်လည်း မရှိနိုင်တော့ပါဘူး။ သင့်တစ်နေ့တာက ဆိုးရွားနေရင်တောင် သင့်ကို ပွေ့ဖက်ပေးမယ့် ချစ်သူက အဝေးတစ်နေရာမှာ ရောက်နေနိုင်ပါတယ်။ ခဏလေး ဝေးနေတာက ကိစ္စမရှိပေမယ့် အချိန်ကြာလာလို့ ထိတွေ့မှု မရှိတော့တဲ့အခါ သင့်အတွက် ဒါက ပြဿနာ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် LDRS Life ကို သဘောမတူခင် သင်က ဒါကို အရင် လက်ခံထားဖို့ လိုပါတယ်။

၃။ အဆက်အသွယ်

သူနဲ့ အလွန်ဆုံး တွေ့ဖြစ်ရင် ဖုန်းခေါ်၊ Video Call ပြောတာပဲ လုပ်နိုင်မှာပါ။ Video Call ကလည်း လူတစ်ယောက် အနားမှာ ရှိနေတာနဲ့တော့ တူမှာမဟုတ်ပါဘူး။ ဒီလိုပဲ ဖုန်းဘေလ်၊ အင်တာနက် ဘေလ် စတာတွေက LDRS ဘဝမှာ စကားပြောလာပါပြီ။ သင့်အနေနဲ့ ဒါတွေကို လက်ခံနိုင်ရဲ့လား စဉ်းစားရပါမယ်။

၄။ သဝန်တိုခြင်း

သဝန်တိုတာကတော့ စုံတွဲတွေကြား ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီကြားထဲ အကွာအဝေး ပေါင်းလိုက်တဲ့အခါ ပိုဆိုးသွားပါတော့တယ်။ သင်တို့နှစ်ဦးက တစ်မြို့ထဲ နေမယ်ဆိုရင်တော့ ချစ်သူ ဘယ်ရောက်နေလဲ ခြေရာခံနိုင်ပါသေးတယ်။ သူ ဖောက်ပြန်နေလား လိုက်စုံစမ်းနိုင်ပါတယ်။ ဒါပေမဲ့ အဝေးကြီး ရောက်နေရင်တော့ သင့်ခေါင်းထဲ သို့လော သို့လော အတွေးတွေနဲ့ပဲ ပြည့်နှက်နေမှာပါ။

၅။ မေ့ပျောက်ခြင်း

သင့်ချစ်သူနဲ့ သင်က အဝေးကြီး ဖြစ်နေခဲ့ရင် တစ်ခါတစ်ရံ သင့်မှာ ချစ်သူရှိနေတယ်ဆိုတာကို မေ့သွားတတ်ပါတယ်။ အနီးအနားမှာ ရှိတဲ့ လူတစ်ယောက်က သင့်ကို ကြူရင် သင့်စိတ်က ပါသွားနိုင်သလို သူကိုယ်တိုင်ကလည်း ဒီလို ဖြစ်သွားနိုင်ပါတယ်။ ချစ်သူတွေ ဝေးကွာနေတဲ့အခါ သစ္စာဖောက်ဖို့ ပိုလွယ်သွားတတ်ပါတယ်။

LDRS က မဖြစ်နိုင်တာတော့ မဟုတ်ပေမယ့် သာမန် အချစ်ရေးတွေထက် ကိုင်တွယ်ဖို့ ခက်ခဲတတ်ပါတယ်။ တချို့စုံတွဲတွေဆိုရင် ဝေးကွာပြီး လပိုင်းအကြာမှာပဲ လမ်းခွဲသွားတတ်ကြပါတယ်။ တချို့စုံတွဲတွေကတော့ အချင်းချင်း ညှိနှိုင်းပြီး ပြန်လည် ဆုံတွေ့နိုင်ခဲ့ကြပါတယ်။ LDRS မဖြစ်ခင်မှာ အချိန်အကြာကြီး ဆွေးနွေးညှိနှိုင်းမှုတွေ လိုအပ်ပါတယ်။ သင့်ချစ်သူနဲ့ သင့်အတွက် အကောင်းဆုံးအရာက ဘာတွေလဲ နှစ်ယောက်အတူ အဖြေထုတ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar