ပိုက်ဆံအကုန်အကျမများပဲ အသားအရေကောင်းလာစေဖို့ ကူညီပေးမယ့် အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ Skincare ပဲ အားကိုးနေမယ့်အစား ဒီအရာလေးတွေကိုလည်း ပုံမှန်အမြဲလုပ်သွားပေးမယ်ဆိုရင် ပိုကောင်းမှာပါ။

အိပ်ရေးဝအောင်အိပ်ပါ

အရေးကြီးတဲ့အရာတစ်ခုကတော့ အိပ်ရေးဝအောင်အိပ်ဖို့ပါပဲ။ အိပ်ရေးပျက်တာတွေများရင် ဝက်ခြံတွေထွက်လာမယ်၊ မျက်ကွင်းညိုလာမယ်၊ အရေးအကြောင်းတွေ ဖြစ်လွယ်ပါမယ်။ ဒါကြောင့် အသားအရေကောင်းချင်ရင် အိပ်ရေးဝအောင်အိပ်ပါ။

ရေများများသောက်ပါ

အသားအရေလှချင်ရင် ရေသောက်မပျင်းပါနဲ့။ ရေများများသောက်ပေးပါ။ ဒါဆိုရင် အသားအရေစိုပြည်လာစေပါတယ်။ ရေသောက်နည်းရင် အသားအရေမွဲခြောက်စေပါတယ်။

အသီးအရွက်များများစားပါ

အသားရေလှဖို့အတွက် ကူညီပေးမယ့် နောက်တစ်ခုကတော့ အသီးအရွက်များများစားဖို့ပါပဲ။ အသီးအရွက်များများစားပေးရင်၊ နေ့တိုင်းစားပေးရင် အသားအရေ စိုပြည်လှပလာစေပါတယ်။

ဝမ်းမချုပ်ပါစေနဲ့

ဝမ်းချုပ်ရင် အသားအရေညစ်တာ၊ ဝက်ခြံတွေ ဖုတွေထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဝမ်းမချုပ်အောင်လည်း ဂရုစိုက်ပေးပါ။

Scrub တိုက်ပါ

Skincare တွေ၊ Lotion တွေလိမ်းနေပြီး Scrub မတိုက်ရင်လည်း တစ်ခုခုလိုနေသလိုပါပဲ။ တစ်ပတ်တစ်ကြိမ် (သို့) နှစ်ကြိမ် ပုံမှန် Scrub တိုက်ပေးမယ်ဆိုရင် အညစ်အကြေးတွေ Dead Cells တွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်လာမယ်၊ အသားအရေလည်း ပိုကောင်းလာပါမယ်။