လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုပြီးရင်းနှီးမှုရလာအောင် ကူညီပေးနိုင်မယ့် အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။ ခင်မင်ရင်းနှီးတဲ့သူ ပေါများတာက ကိုယ့်အတွက် အကျိုးရှိစေပါတယ်။

ဖော်ရွေမှုရှိပါ

လုပ်ငန်းခွင်မှာ တစ်ယောက်ထဲ သီးသန့်ကြီးမနေပါနဲ့။ အားလုံးနဲ့ ခင်မင်ရင်နှီးအောင် ဖော်ရွေမှုရှိသင့်ပါတယ်။ ပြုံးပြဖို့ ဝန်မလေးပါနဲ့။ အမြဲပြုံးပြပြီး ဖော်ရွေနေရင် ကိုယ်နဲ့မသိတဲ့သူနဲ့တောင် အလွယ်တကူ ရင်းနှီးမှု ရလာမှာပါ။

Sharing လုပ်ပြီးစကားပြောပါ

လုပ်ငန်းခွင်မှာ အခက်အခဲတွေ၊ အတွေ့အကြုံတွေကို sharing လုပ်ပြီး စကားပြောခြင်းကလည်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု ပိုတိုးလာစေပါတယ်။ ကိုယ်အဆင်မပြေတာတွေ၊ မသိသာတွေကိုလည်း သိလာရစေသလို ကိုယ်သိထားတာလေးတွေကိုလည်း သူများအတွက် အကျိုးရှိအောင် sharing လုပ်နိုင်ပါတယ်။

ကူညီပါ

မိတ်ဆွေကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ရလာစေဖို့၊ ခင်မင်ရင်းနှီးမှုတွေပိုတိုးလာစေဖို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီပါ။ ကိုယ်ကူညီနိုင်တာဆို စိတ်ရင်းနဲ့ကူညီပေးလိုက်တဲ့အခါ ကိုယ်ဒုက္ခရောက်ရင်လည်း ကူညီမယ့်သူတွေ ပေါနေမှာပါ။

ခင်ခင်မင်မင်နေပြီးသွားလာပါ

လုပ်ငန်းခွင်မှာပဲစကားပြောမယ်၊ လုပ်ငန်းခွင်မှာပဲ ဝတ္တရားအရ ပြောဆိုဆက်ဆံမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ အတူတူအပြင်သွားတာ၊ ခင်ခင်မင်မင်နေတာ၊ Date တာမျိုးတွေ လုပ်ပေးမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်အဆင့်ကနေ သူငယ်ချင်းကောင်းတွေအထိတောင် ဖြစ်လာနိုင်ပါတယ်။

အထက်စီးကနေမဆက်ဆံပါနဲ့

အရေးကြီးတာကတော့ တစ်ဖက်လူကို အထက်စီးကနေ မဆက်ဆံဖို့ပါပဲ။ အရာရာကို မာရေကြောရေနဲ့ ပြောဆိုပြီး အထက်စီးကနေ ဆက်ဆံနေရင်တော့ ကိုယ့်ကိုခင်ချင်ရင်တောင်မှ တော်ရုံလာပြီးတော့ မချည်းကပ်ရဲကြပါဘူး။ တစ်ယောက်ထဲပဲ ဖြစ်နေပါလိမ့်မယ်။ ခင်မင်ရင်းနှီးတဲ့သူ ရှားပြီးတော့ လုပ်ငန်းခွင်မှာ အထီးကျန်နေရပါလိမ့်မယ်။ ဒီလိုဆိုလို့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့လည်း ဆက်ဆံစရာမလိုပါဘူး။ ပုံမှန်အတိုင်းပဲ ပြောဆိုဆက်ဆံနိုင်ပါတယ်။