မကောင်းတဲ့ဘက်ကိုပဲ ဦးတည်နေတဲ့အတွေးတွေ ရှိနေတယ်ဆိုရင် အမြန်ရှင်းထုတ်ပစ်သင့်ပါတယ်။ ကောင်းတာတွေကိုပဲတွေးရင် ပျော်ရွှင်ရမှာ၊ စိတ်ချမ်းသာရမှာဖြစ်ပြီး မကောင်းတဲ့ဘက်ကိုပဲ ဦးတည်ပြီးတွေးနေရင်တော့ ကိုယ်ပဲစိတ်ဆင်းရဲရပြီး Depression ဝင်လာမှာပါ။ ဒါကြောင့် မကောင်းတဲ့ဘက်ကို ဦးတည်နေတဲ့အတွေးတွေကို ရှင်းပေးနိုင်မယ့် အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

တရားထိုင်ပါ

တရားထိုင်တာက စိတ်ကိုအေးချမ်းပြီး တည်ငြိမ်စေတဲ့အပြင် စိတ်ခံစားချက်ကိုလည်း ထိန်းချုပ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ မကောင်းတဲ့ဘက်ကို ဦးတည်နေတဲ့ အတွေးတွေကိုလည်း ရှင်းထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း အချိန်ပေးပြီး တရားထိုင်ကြည့်ပါ။

စာဖတ်ပါ

စာဖတ်ရင်လည်း စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှု အားကောင်းလာစေပါတယ်။ ဗဟုသုတရပြီး စိတ်ခွန်အားရရှိစေတဲ့စာအုပ်တွေ၊ အကျိုးရှိစေမယ့် စာအုပ်တွေကို များများဖတ်ပေးရင် အတွေးအခေါ်တွေပါ ပြောင်းလဲပြီး ရင့်ကျက်လာမှာပါ။ တစ်ခုခုဆို မကောင်းတဲ့ဘက်ကို ဦးတည်နေတဲ့ အတွေးတွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

အကောင်းဘက်ကိုပဲတွေးပါ

တစ်ခုခုကိုတွေးတော့မယ်၊ စဉ်းစားတော့မယ်ဆိုရင် ကောင်းတဲ့ဘက်ကိုပဲ အရင်စဉ်းစားပါ။ အဆင်မပြေတာတွေ ကြုံရရင်တောင် ကောင်းဖို့ဖြစ်လာတယ်လို့ပဲ တွေးပေးပါ။ အကောင်းဘက်ကိုများများတွေးနိုင်လေ မကောင်းတဲ့အတွေးအမြင်တွေ လျော့နည်းသွားလေ ဖြစ်လာမှာပါ။

စိတ်တည်ငြိမ်စေမယ့်အရာတွေလုပ်ပါ

မကောင်းတဲ့ဘက်ကိုပဲ အမြဲတွေးတတ်တဲ့သူတွေက နည်းနည်းလေးစိတ်ညစ်စရာရှိတာနဲ့ တစ်ဆုံးကို တွေးတတ်ကြတာပါ။ အဲ့တာကြောင့် ပိုပြီးစိတ်ပင်ပန်းရတာပါ။ ဒါကြောင့် စိတ်တည်ငြိမ်စေမယ့်အရာတွေကို ပြောင်းလုပ်ကြည့်ပါ။ စိတ်တည်ငြိမ်လာရင် ခေါင်းအေးအေးထားပြီး စဉ်းစားလာနိုင်မယ်၊ အတွေးတွေလည်း ဟိုရောက်ဒီရောက်မဖြစ်တော့ပဲ အဆင်ပြေလာပါလိမ့်မယ်။

ပျော်ရွှင်မှုကိုရှာဖွေပါ

လူတိုင်းက ပျော်ရွှင်မှုကိုရှာတွေ့သွားရင် စိတ်ကြည်လင်ပြီး ကောင်းတာတွေပဲ အတွေးထဲရောက်လာပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုကို ရှာဖွေပါ။ ဘာတွေလုပ်ရရင် ပျော်ရမလဲဆိုတာကို ရှာဖွေပြီး လုပ်ဆောင်ကြည့်ပါ။ ပျော်အောင်နေပါ။