လူတစ်ယောက်မှာ အိပ်ရေးဝဖို့၊ အိပ်ချိန်မှန်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ အိပ်ချိန်နည်းပြီး အိပ်ရေးပျက်တာတွေများလာရင် အလှအပရေးရာနဲ့ပတ်သက်ပြီး ထိခိုက်လာပါလိမ့်မယ်။ အထူးသဖြင့် ဒီအရာ ၅ ခုကို ထိခိုက်လာမှာပါ။
Dehydrated ဖြစ်လာခြင်း
အိပ်ချိန်တွေနည်းပြီး အိပ်ရေးပျက်တဲ့အခါ အသားအရေက Dehydrated ဖြစ်ပြီး အသားအရေ မွဲခြောက်လာစေပါတယ်။ Skincare လိမ်းနေလည်း အသားအရေက ကောင်းမလာဘူးဆိုရင် အိပ်ချိန်မှန်ရဲ့လား သေချာပြန်စစ်ကြည့်ပါ။
မျက်ကွင်းညိုလာခြင်း
အိပ်ရေးပျက်တော့ မျက်ကွင်းတွေညိုလာပါတယ်။ မျက်ကွင်းညိုပြီး မျက်အိတ်ဖောင်းတာတွေ ဖြစ်လာစေပါတယ်။ မွေးရာပါမျက်ကွင်းညိုတာမျိုးမဟုတ်ပဲ မျက်ကွင်းညိုလာတယ်ဆိုရင် အိပ်ရေးပျက်လို့၊ အိပ်ချိန်လုံလောက်မှု မရှိလို့ပါပဲ။
ဆံပင်ပါးလာခြင်း
အိပ်ချိန်တွေနည်းပြီး အိပ်ရေးပျက်တာတွေများလာရင် ဆံပင်တွေကျွတ်ပြီး ပါးလာပါလိမ့်မယ်။ အရင်နဲ့မတူပဲ ဆံပင်တွေအရမ်းကျွတ်ပြီး ပါးလာတယ်ဆိုရင် အိပ်ချိန်ကို သေချာဂရုစိုက်ပါ။
ဝက်ခြံထွက်လာခြင်း
တစ်ခါတစ်လေကျရင် ဝက်ခြံတွေ ရုတ်တရက်ထွက်လာတာမျိုး၊ ဝက်ခြံအများကြီးထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာတွေများရင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဖို့က အရမ်းကိုအရေးကြီးပါတယ်။
အရေးအကြောင်းတွေပေါ်လာခြင်း
အိပ်ရေးပျက်တာတွေများပြီး နောက်ကျမှအိပ်တာတွေက ခဏခဏဖြစ်လာမယ်ဆိုရင် ပုံမှန်ထက်ပိုပြီး အရေးအကြောင်းတွေ မြန်မြန်ပေါ်လာပါမယ်။ အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေကို အမြန်ဖြစ်စေတာကြောင့် နုပျိုချင်ရင် အိပ်ရေးဝအောင်အိပ်ပါ။ စောစောအိပ်ပါ။