အလုပ်များတဲ့သူတွေက ကိုယ့်ရဲ့ Lifestyle ကို အလုပ်ပြီးအလုပ်ဆိုတာမျိုးပဲ မဖြစ်ပါစေနဲ့။ Stress ပိပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနေပါလိမ့်မယ်။ စိတ်ရောကိုယ်ပါ ကျန်းမာပြီး Stress တွေလည်း လျော့နည်းစေဖို့အတွက် အလုပ်များတဲ့သူတွေရဲ့ Lifestyle မှာ လုပ်ပေးဖို့လိုအပ်တဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

နံပါတ်တစ် အရေးအကြီးဆုံးကတော့ အိပ်ရေးဝအောင် အိပ်ဖို့ပါပဲ။ အလုပ်များတယ်ဆိုပြီး အိပ်ယာဝင်တာ နောက်ကျတာမျိုးတွေ မဖြစ်ပါစေနဲ့။ အိပ်ချိန်သတ်မှတ်ပြီး သေချာအိပ်ပါ။ အိပ်ရေးဝမှ ကျန်းမာပြီး အလုပ်လုပ်ရတာလည်း စိတ်ကြည်လင်မယ်၊ အိုင်ဒီယာအသစ်တွေလည်း ထွက်ပါမယ်။

အာဟာရမျှတအောင်စားပါ

အလုပ်အရမ်းများတဲ့အခါ ခန္ဓာကိုယ်ကလည်း အားနည်းလာတတ်ပါတယ်။ ဒီလိုအချိန်မှာ အစားအသောက်ကို သေချာမစားရင် အားနည်းပြီး ကျန်းမာရေးထိခိုက်တာ၊ မူးဝေတာတွေ ခဏခဏဖြစ်တတ်ပါတယ်။ ဒါကြောင့် အစားအသောက်ကို သေချာစားပါ။ အာဟာရမျှတအောင်စားပါ။

အားကစားပုံမှန်လုပ်ပါ

စိတ်ရောကိုယ်ပါ Relax ဖြစ်စေဖို့၊ ကျန်းမာရေးအတွက်ရော အထောက်အကူဖြစ်စေဖို့အတွက် အားကစားလည်း ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ ဒီအတွက်လည်း အချိန်လေးဖယ်ပြီး ကြိုးစားကြည့်ပါ။

အနားယူဖို့အချိန်ထားပါ

လူတစ်ယောက်မှာ အနားယူတဲ့အချိန်က ရှိကိုရှိသင့်ပါတယ်။ အနားယူချိန်မရှိပဲ တောက်လျှောက်အလုပ်လုပ်နေရင်လည်း ကျန်းမာရေးထိခိုက်လာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် အနားယူဖို့ အချိန်ထားပြီး အနားယူရမယ့်အချိန်မှာ ကိုယ်စိတ်ပျော်ရာတွေ၊ ဝါသနာပါတာတွေလုပ်ပြီး အေးဆေးအနားယူလိုက်ပါ။

ကျန်းမာရေးကိုပုံမှန် Check လုပ်ပါ

ကျန်းမာရေးက အရေးအကြီးဆုံးဖြစ်တာကြောင့် ကိုယ့်ကျန်းမာရေးကိုလည်း ပုံမှန် Check လုပ်ဖို့ မမေ့ပါနဲ့။ အရမ်းအလုပ်များတဲ့သူတွေဆို ပိုတောင်လိုအပ်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။