တစ်ခါတစ်လေကျရင် စိတ်ဓာတ်ကျတယ်၊ စိတ်ပင်ပန်းတယ်ဆိုတာက တခြားသူလုပ်လို့ ဖြစ်တာမျိုးမဟုတ်ပဲ ကိုယ့်ကြောင့်ပဲ ဖြစ်နေတာပါ။ အထူးသဖြင့် ဒီအရာ ၅ ခုကို လုပ်နေမိရင်တော့ ကိုယ့်ကိုယ်ကို စိတ်ပင်ပန်းပြီး Stress ပိအောင် လုပ်နေတာနဲ့ တူတူပါပဲ။

မကောင်းတဲ့အတွေးတွေတွေးနေခြင်း

ကိုယ့်အတွေးနဲ့ ကိုယ့်ကိုယ်ကို ပြန်သတ်နေတာမျိုး မဖြစ်ပါစေနဲ့။ တစ်ခုခုဆို စတွေးလိုက်ထဲက မကောင်းတဲ့အတွေးတွေကို အရင်တွေးနေရင်တော့ စိတ်ဆင်းရဲရမှာပါပဲ။ အဆင်မပြေလည်း ဘယ်လိုအဆင်ပြေအောင် လုပ်ရမလဲဆိုတာကို အရင်တွေးပါ။ အတွေးတွေထဲမှာပဲမျောပြီး စိတ်ပင်ပန်းမခံပါနဲ့။

စိုးရိမ်ပူပန်စိတ်များနေခြင်း

အရာရာကို စိုးရိမ်ပူပန်စိတ်များနေတာလည်း မကောင်းပါဘူး။ သူများထက်ပိုပြီး နှစ်ဆပင်ပန်းရတယ်၊ စိတ်ဆင်းရဲရတယ်၊ Stress ပိရပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်စိတ်တွေများမနေပဲ အကောင်းဘက်ကိုပဲ များများတွေးပေးပါ။

Serious ဖြစ်လွန်းခြင်း

တစ်ခုခုဆိုရင် Serious ဖြစ်လွန်းတဲ့အခါ ဘယ်အရာကိုမှ ခံနိုင်ရည်မရှိပါဘူး။ နည်းနည်းလောက် အဆင်မပြေတာလေးဖြစ်ရင်တော့ အရမ်း Serious ဖြစ်နေတော့ ကိုယ်ပဲပိုပင်ပန်းရတာပေါ့။ တတ်နိုင်သမျှ စိတ်ကိုလျှော့ပြီး ဖြေးဖြေးချင်းစီစဉ်းစားရင်၊ လုပ်ဆောင်သွားရင် အဆင်ပြေသွားမှာပါ။

ကိုယ့်ကိုယ်ကိုအထင်သေးခြင်း

ကိုယ့်ကိုယ်ကို အထင်သေးပြီး ယုံကြည်မှုမရှိရင် ဘယ်တော့မှ စိတ်ပျော်ရွှင်ကျေနပ်မှု ရမှာမဟုတ်ပါဘူး။ ငါလုပ်နိုင်ပါ့မလား၊ ငါဒီလိုဖြစ်နိုင်ပါ့မလားဆိုပြီး တွေးထင်နေတာတွေကြောင့် ဘာမှမလုပ်ရသေးဘူး ရှုံးနိမ့်နေပါပြီ။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေဝင်လာပြီး စိတ်ပင်ပန်းလာပါလိမ့်မယ်။

အရမ်းမျှော်လင့်လွန်းခြင်း

တစ်ခုခုဆိုရင် အရမ်းမမျှော်လင့်ထားပါနဲ့။ အရမ်းမျှော်လင့်ထားပြီး ဖြစ်မလာရင် ပိုပြီးခံစားရပါတယ်။ ကိုယ်တိုင်ကြိုးစားအားထုတ်မှုမရှိပဲ သူများဆီက အခွင့်အရေးတွေ အကူအညီတွေကိုလည်း မမျှော်လင့်ပါနဲ့။ Stress ပိစေပါတယ်။ ဖြစ်မလာရင်လည်း နှစ်ဆပိုပြီး စိတ်ပင်ပန်းရပါလိမ့်မယ်။