အလှကြိုက်တဲ့ မိန်းကလေးတိုင်းအတွက် ပုံမှန်လုပ်ဖို့ မပျင်းသင့်တဲ့ အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။ ဒီအချက် ၅ ချက်ကိုသာ ပုံမှန်လုပ်သွားရင် ပြီးပြည့်စုံနဲ့ အလှတရားကို ပိုင်ဆိုင်နေမှာပါ။

သွားတိုက်ပါ

သွားကို မနက်အိပ်ယာနိုးတဲ့အချိန် တစ်ကြိမ်ထဲ တိုက်လို့မရပါဘူး။ ညအိပ်ခါနီးမှလည်း သွားတိုက်ပြီးမှ အိပ်ရပါမယ်။ တစ်နေ့ ၂ ကြိမ် သွားသေချာတိုက်ရပါမယ်။ သွားတိုက်ပုံတိုက်နည်းကိုလည်း မှန်အောင်ဂရုစိုက်ပေးပါ။ သွားလေးတွေဖြူပြီး သန့်ရှင်းနေရင် ရယ်လိုက်တိုင်း လှနေမှာပါ။

Skincare သေချာလိမ်းပါ

အသားအရေလှရင် မိတ်ကပ်မလိမ်းတာတောင် လှနေမှာပါ။ ဒါကြောင့် အသားအရေလှအောင် Skincare သေချာလုပ်ပါ။ Skincare လုပ်ဖို့ မပျင်းပါနဲ့။ Toner, Serum or Essence, Moisturizer, Eye Cream တွေကို သုံးပေးပါ။ Body အတွက်ဆိုရင်လည်း Lotion သေချာလိမ်းပါ။

Cleansing သေချာလုပ်ပါ

Skincare တွေလိမ်းနေပြီး Cleansing သေချာမလုပ်ရင်လည်း အသားအရေက သိပ်ပြီးထိရောက်မှု မရှိပါဘူး။ ဒါ့အပြင် Cleansing သေချာမလုပ်တဲ့အတွက် ဝက်ခြံထွက်တာ၊ အသားအရေညစ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် Cleansing သေချာလုပ်ဖို့လည်း မပျင်းပါနဲ့။

Exfoliate ပုံမှန်လုပ်ပါ

Exfoliate လုပ်ပေးခြင်းကတော့ Dead Skin Cells တွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်လာစေတဲ့အတွက် တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဖို့ မပျင်းသင့်ပါဘူး။ မျက်နှာကိုလည်း Exfoliate လုပ်သလို Body အတွက်ဆိုလည်း Body Scrub ပုံမှန်လုပ်ပေးပါ။

Hair Care ပုံမှန်လုပ်ပါ

မိန်းကလေးတစ်ယောက်ရဲ့ အလှအပအတွက် ဆံကေသာအလှကလည်း အရမ်းကို အရေးပါပါတယ်။ Hair Oil သေချာလိမ်းမယ်၊ ခေါင်းသေချာလျှော်မယ်၊ ခေါင်းလျှော်တိုင်းမှာ Conditioner or Hair Mask တွေ သုံးပေးမယ်ဆိုရင် ဆံကေသာက ကျန်းမာပြီးလှပနေမှာပါ။ ဒါကြောင့် အလှကြိုက်တယ်ဆိုရင် Hair Care လုပ်ဖို့လည်း မပျင်းပါနဲ့။