ခေါင်းခဏခဏလျှော်တာက ကျန်းမာရေးထိခိုက်သလို ကိုယ့်ဆံသားအတွက်လည်း ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး ခေါင်းမလျှော်သင့်ပါဘူး။ တချို့ကျတော့ အဆီပြန်တာနဲ့ ခေါင်းလျှော်တာ၊ တစ်ရက်ခြားတစ်ခါလောက် လျှော်နေတာမျိုးတွေ ရှိပါတယ်။ ဒီလို ခေါင်းခဏခဏ လျှော်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့အရာ ၅ ခု ရှိပါတယ်။
အဆီဓာတ်ဆုံးရှုံးခြင်း
ခေါင်းခဏခဏလျှော်တဲ့အခါမှာ ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်တွေ ဆုံးရှုံးလာပြီး ဦးရေပြားက ပုံမှန်ထက်ပိုပြီး အဆီပြန်တာတွေ ဖြစ်လာပါလိမ့်မယ်။ တချို့ကျတော့ အဆီပြန်တာမျိုးမဟုတ်ပဲ ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထလာပါတယ်။
ဆံပင်ကျွတ်ခြင်း
ခေါင်းခဏခဏလျှော်မယ်ဆိုရင် ဘယ်အရာက သိသိသာသာ ပြောင်းလဲလာမလဲဆိုတော့ ဆံပင်တွေ အရင်ထက်ပိုပြီး ကျွတ်လာမှာပါ။ ခေါင်းလျှော်တိုင်းမှာလည်း ဆံပင်ကျွတ်မယ်၊ ခေါင်းဖြီးလိုက်တိုင်းမှာလည်း ဆံပင်တွေကျွတ်နေမှာပါ။ ဆံပင်ကျွတ်တာများလာတော့ အရင်ထက်ပိုပြီး ဆံပင်တွေ ပါးလာပါလိမ့်မယ်။
ခေါင်းကိုက်ခြင်း
ခေါင်းခဏခဏလျှော်တာက ဆံကေသာကို ထိခိုက်ပျက်စီးစေနိုင်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ခေါင်းခဏခဏကိုက်မယ်၊ ခေါင်းလျှော်ပြီး ရေခြောက်အောင်မလုပ်ပဲ အချိန်ကြာကြာ ဆံပင်ရေစိုနဲ့နေတာ များလာမယ်ဆိုရင် ဦးခေါင်းနဲ့ပတ်သက်တဲ့ ရောဂါကြီးမားတာတွေအထိ ဖြစ်လာနိုင်လို့ ဂရုစိုက်ဆင်ခြင်သင့်ပါတယ်။
ဆံသားပျက်စီးခြင်း
ကြာလာတဲ့အခါမှာ ဆံသားပျက်စီးပြီး အဖျားတွေနှစ်ခွဖြစ်တာမျိုး၊ ဆံပင်တွေကျွတ်ဆတ်တာမျိုး၊ ပျက်ထွက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။
ဆံသားရှုပ်ထွေးခြင်း
အပေါ်မှာပြောခဲ့သလိုပဲ ခေါင်းခေဏခဏလျှော်တော့ ဆံသားအတွက် လိုအပ်တဲ့ အဆီဓာတ်တွေပါ ဆုံးရှုံးပြီး ဆံပင်တွေဖွာလာမယ်၊ ဆံပင်ဖွာတော့ ရှုပ်ထွေးလွယ်မယ်၊ ငြိလွယ်မယ်၊ ပြီးရင် ရှင်းရခက်ပြီး ဆံပင်တွေ ကျွတ်လာတော့တာပါပဲ။ ဆံသားအလှလည်း ပျက်စီးစေတာကြောင့် ခေါင်းခဏခဏလျှော်တာကို ဆင်ခြင်သင့်ပါတယ်။