အိမ်မှာနေရတာ အရမ်းပျင်းနေတဲ့အချိန်မှာ သင့်စိတ်ကို ပျော်ရွှင်လာအောင် လုပ်ပေးနိုင်မယ့်အရာ ၅ ခုကို ပြောပြပေးချင်ပါတယ်။ ပျင်းပေမယ့် အပြင်လည်းမသွားချင်ဘူးဆိုရင်တော့ ဒီအရာတွေကိုသာ လုပ်ကြည့်ပါ။

ဟာသတွေကြည့်ပါ

ပျင်းနေချိန်မှာ ဟာသတွေကြည့်ရင် ရယ်မောပျော်ရွှင်ရပါမယ်။ ဟာသတွေမကြည့်ချင်တော့ဘူးဆိုရင် ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကားတွေ ကြည့်ပြီးတော့ စိတ်အပန်းဖြေကာ အေးဆေးအနားယူလို့လည်း ရတာပါပဲ။

မုန့်လုပ်စားကြည့်ပါ

ပျင်းတယ်ဆိုရင် လိုအပ်တာတွေ Citymart မှာသွားဝယ်ပြီး မုန့်လုပ်စားကြည့်ပါ။ တစ်ခါတစ်လေကျရင်လည်း မုန့်လုပ်စားရတာက ပျော်စရာကောင်းပါတယ်။ အပျင်းလည်းပြေစေပါတယ်။ မုန့်လုပ်ပြီးသွားတော့ အေးဆေး ရုပ်ရှင်ကြည့်ရင်း ထိုင်စားရုံပဲပေါ့။

အပင်စိုက်ပါ

အပင်လေးတွေကို သဘောကျတယ်ဆိုရင် အိမ်မှာ အပင်စိုက်ကြည့်ပါ။ အပင်တွေကို ပြုစုပျိုးထောင်ရတာလည်း စိတ်ကြည်နူးစရာ ကောင်းပါတယ်။ ပန်းလေးတွေပွင့်လာရင်၊ အပင်သန်လာရင် ပိုတောင်စိတ်ပျော်ရွှင်ရပါသေးတယ်။

စာအုပ်ဖတ်ပါ

ပျင်းတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့စာအုပ်တစ်ခုခုကို ဖတ်နေပါ။ ဝတ္ထုဖတ်ရတာကြိုက်ရင် ဝတ္ထုဖတ်ပါ။ တခြားစာအုပ်တွေ ဖတ်ချင်တယ်ဆိုင်လည်း ကိုယ့်အတွက် အကျိုးရှိစေမယ့် စာအုပ်တွေ အများကြီး ဖတ်လို့ရတာပါပဲ။

ကိုယ့်အခန်းကိုသန့်ရှင်းရေးလုပ်ပါ

ပျင်းနေချိန်မှာ ဘာလုပ်ရမှန်းမသိတော့ဘူးဆိုရင်တော့ ကိုယ့်အခန်းကိုသာ သန့်ရှင်းရေးလုပ်လိုက်ပါ။ သပ်သပ်ရပ်ရပ်လေးနဲ့ သန့်ရှင်းသွားရင်လည်း စိတ်ပျော်ရွှင်ရပါတယ်။