တချို့မိန်းကလေးတွေက မိဘတွေရဲ့ သွန်သင်မှုကြောင့်ဖြစ်စေ၊ ကိုယ်ကိုယ်တိုင်ကကို ပင်ကိုဗီဇက ရှက်တတ်တာကြောင့်ဖြစ်စေ အရှက်အကြောက် ကြီးကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် မိန်းကလေးအများစုက ပိုပြီးတော့ ရှက်တတ်ကြပါတယ်။ ဒီတော့ သင်က အရှက်အကြောက်ကြီးတဲ့ မိန်းကလေးနဲ့ တွဲနေရတာ ဒါမှမဟုတ် အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတွေအနေနဲ့လည်း ချစ်သူကို သိစေလိုတဲ့ အချက်တွေကို ဖော်ပြပေးပါရစေ။

၁။ သူမက အချိန်တိုင်းကြောက်နေတတ်တယ်


သင့်ကောင်မလေးက အရှက်အကြောက်ကြီးသူဆိုရင် သင့်ရှေ့မှာ ဘယ်လိုနေရမလဲ အမြဲစဉ်းစားနေတတ်ပါတယ်။ သူတို့ရဲ့အပြုအမူက တစ်ခုခုမှားယွင်းသွားတာနဲ့ သင်များ သူတို့ကို မချစ်ဘူးလားလို့ တွေးကြောက်ကြပါတယ်။ သင့်ရဲ့ သူ့အပေါ်ထင်မြင်ချက်က သူ့အတွက် အလွန်အရေးပါပါတယ်။

၂။ သူက သင့်အကြောင်းအကုန်သိတယ်


အရှက်သိက္ခာကြီးတဲ့ မိန်းကလေးတစ်ယောက်က ချစ်သူကို အရမ်းချစ်ကြပါတယ်။ ချစ်ရသူအကြောင်းကို ခရေစေ့တွင်းကျ အကုန်သိပါတယ်။ သင် Social Media ပေါ်မှာ တင်သမျှ အကြောင်းအရာတိုင်းကို သူမက မှတ်ထားတတ်ပါတယ်။ သင်ဘာကြိုက်တတ်လဲ ဘာလုပ်ရတာပျော်လဲ သူမအကုန်သိပါတယ်။

၃။ သင်နဲ့နီးအောင် ဘယ်လိုလုပ်ရမလဲ သူမသိဘူး


အရှက်ကြီးတဲ့မိန်းကလေးတွေက သူတို့ဘက်က စပြီး မချဉ်းကပ်တတ်ပါဘူး။ မိန်းကလေးဘက်က စတယ်ဆိုတဲ့ ကိစ္စမျိုးက သူတို့အတွက် ရှက်စရာကိစ္စဖြစ်နေတတ်ပါတယ်။ သူ့ဘက်က မစဘဲ သင်လာမယ့်အချိန် သင်ချစ်လာမယ့်အချိန်ကိုပဲ စောင့်နေတတ်ပါတယ်။

၄။ သင်စိတ်ပျက်သွားမှာ သူအရမ်းကြောက်တယ်


သူ့ဘဝမှာ အကြောက်ဆုံးက သင်စိတ်ပျက်မှာကိုပါပဲ။ ဒါကြောင့် သင့်ရှေ့မှာဆိုရင် သူ့အမူအရာတွေကို အထူးဂရုစိုက်ပါတယ်။

၅။ ခံစားချက်တွေကို ထုတ်ပြတတ်တယ်


အရှက်အကြောက်ကြီးပေမယ့် ခံစားချက်တွေကိုတော့ မသိမ်းထားတတ်ပါဘူး။ သူမက ရိုးသားပါတယ်။ ခံစားချက်တွေကိုလည်း ချစ်ရသူရှေ့ ရင်ဖွင့်ကြပါတယ်။

သင်က အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်သူတော်ထားရရင် ဂုဏ်ယူလိုက်ပါနော်။

Photo Source: Pinterest

By MyStyle Myanmar