မိတ်ကပ်လိမ်းတဲ့အခါမှာ အသားအရေပျက်စီးတာမျိုး၊ မိတ်ကပ်လိမ်းထားတာ ရုပ်ဆိုးတာမျိုး မဖြစ်ရအောင် မိတ်ကပ်မလိမ်းခင်နဲ့ လိမ်းပြီးတဲ့အခါမှာ မမေ့သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Skincare လိမ်းဖို့မမေ့ပါနဲ့

မိတ်ကပ်တန်းလိမ်းပစ်တာမျိုး လုံးဝမလုပ်ပါနဲ့။ မိတ်ကပ်မလိမ်းခင်မှာ toner, serum, moisturizer, sunscreen လိမ်းပေးပါ။ ဒါမှ မိတ်ကပ်သားလည်း ပိုလှမယ်၊ မိတ်ကပ်လိမ်းလို့လည်း ပိုကောင်းမယ်၊ အသားအရေလည်း ထိခိုက်ပျက်စီးမှု နည်းပါမယ်။

Primer လိမ်းဖို့မမေ့ပါနဲ့

မိတ်ကပ်မလိမ်းခင်မှာ primer လိမ်းပေးဖို့ မမေ့ပါနဲ့။ Primer လိမ်းပေးတာက ချွေးပေါက်တွေကိုဖုံးပေးနိုင်သလို၊ မိတ်ကပ်သားလည်း ပိုပြီးကြာရှည်ခံစေပါတယ်။ တော်တော်များများက primer လိမ်းတဲ့အဆင့်ကို ကျော်သွားတတ်ကြပါတယ်။

လက်နဲ့မလိမ်းပါနဲ့

မိတ်ကပ်လိမ်းတဲ့အခါမှာ လက်နဲ့လုံးဝမလိမ်းပါနဲ့။ လက်နဲ့လိမ်းတာက မိတ်ကပ်ကွက်တာ၊ မညီတာတွေ ဖြစ်စေပြီး ဆွဲရတာလည်း အဆင်မပြေပါဘူး။ လက်နဲ့အရမ်းပွတ်ဆွဲပြီးလိမ်းရင် အသားအရေတွန့်တာ၊ အရေးအကြောင်းတွေပေါ်တာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မိတ်ကပ်လိမ်းရင် လက်နဲ့မလိမ်းပဲ makeup sponge နဲ့ လိမ်းပေးပါ။ မိတ်ကပ်သားလည်း ညီပြီး ပိုလှပါတယ်။

Double Cleansing လုပ်ဖို့မမေ့ပါနဲ့

မိတ်ကပ်တွေလိမ်းထားပြီး ပြန်ရောက်လာရင် မျက်နှာသစ်ဆေးနဲ့ တန်းသစ်တာမျိုး မလုပ်ပါနဲ့။ Double cleansing လုပ်ပေးပါ။ Makeup remover or cleansing oil နဲ့ မိတ်ကပ်ဖျက်ပြီးမှ မျက်နှာသစ်ဆေးနဲ့သစ်ပါ။ ဒီလိုမိတ်ကပ်တွေကို သေချာမဖျက်ပဲထားမယ်ဆိုရင်တော့ အသားအရေထိခိုက်ပျက်စီးလာပြီး အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာမယ်၊ အသားအရေညစ်ပြီး ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာပါမယ်။

မျက်နှာသစ်ပြီး Skincare လိမ်းဖို့မမေ့ပါနဲ့

မိတ်ကပ်လိမ်းထားတာကိုဖျက်ပြီး မျက်နှာသစ်ပြီးရင်လည်း ဒီတိုင်းမနေပါနဲ့။ Skincare ပြန်လိမ်းပါ။ Skincare မလိမ်းပဲ ဒီတိုင်းနေရင် အသားခြောက်လာပါလိမ့်မယ်။ ဒါကြောင့် Skincare လိမ်းဖို့ကိုမပျင်းပါနဲ့၊ လုံးဝမမေ့ပါနဲ့။