အသားဖြူချင်တယ်ဆိုပြီး အသားအရေဂရုမစိုက်ရင်တော့ ဖြူလာမှာမဟုတ်တဲ့အပြင် အသားပိုမဲသွားတာ၊ အသားအရေပျက်စီးလာတာမျိုးတွေတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တကယ် အသားဖြူချင်တယ်ဆိုရင်တော့ ဒီအရာ ၅ ခုကို လုပ်ဖို့မပျင်းသင့်ပါဘူး။

Sunscreen လိမ်းဖို့မပျင်းပါနဲ့

မျက်နှာကို Sunscreen လိမ်းသလိုပဲ လက်တွေ၊ ခြေထောက်တွေကိုလည်း Sunscreen လိမ်းဖို့လိုပါတယ်။ Lotion တစ်မျိုးထဲလိမ်းရုံနဲ့ နေရောင်ခြည်ဒဏ်ကို မကာကွယ်ပေးနိုင်ပါဘူး။ နေပူထဲထွက်တာများရင် အသားတောင်ပိုမဲလာမှာပါ။ ဒီတော့ Sunscreen လိမ်းဖို့ မပျင်းပါနဲ့။

နေပူထဲအကာအကွယ်မပါပဲမသွားပါနဲ့

အသားဖြူချင်တယ်ဆိုပြီး နေပူထဲကို အကာအကွယ်မပါပဲ ဒီတိုင်းသွားလာနေရင်တော့ အသားဖြူလာမှာမဟုတ်တဲ့အပြင် အသားမဲလာမှာပါ။ ဒီတော့ နေပူထဲသွားရင် ထီးဆောင်းရပါမယ်။ ချည်သားအင်္ကျီလက်ရှည်လေးတွေ ဝတ်ပေးလည်း ကောင်းပါတယ်။

Lotion လိမ်းဖို့မပျင်းပါနဲ့

အသားဖြူ Lotion တွေလိမ်းတာမျိုးထက် Moisturizing ကောင်းကောင်းပေးနိုင်တဲ့ Lotion ပဲ သုံးသင့်ပါတယ်။ မနက်၊ ည Lotion သေချာလိမ်းမယ်ဆိုရင် အသားအရေစိုပြည်လာမှာပါပဲ။ အသားအရေစိုပြည်ရင် အသားကြည်ပြီး အရင်ထက်ပိုဖြူလာမှာပါ။ အပေါ်မှာပြောခဲ့သလို Sunscreen လည်းသေချာလိမ်းမယ်၊ နေပူထဲကိုလည်း အကာအကွယ်နဲ့ သွားမယ်ဆိုရင် အသားမဲမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

Scrub တိုက်ဖို့မပျင်းပါနဲ့

အသားအရေကြည်ပြီး အသားအရေပိုလှလာစေဖို့ အသားပိုဖြူလာစေဖို့ အနည်းဆုံး တစ်ပတ်တစ်ကြိမ် Scrub တိုက်ပေးပါ။ အသားဖြူချင်ရင် အသားအရေပိုကောင်းလာချင်ရင် Scrub တိုက်ဖို့လည်း မပျင်းပါနဲ့။

ရေသောက်မပျင်းပါနဲ့

နောက်ဆုံးအချက်ကတော့ ရေသောက်မပျင်းဖို့ပါပဲ။ ရေများများသောက်မှ အသားအရေစိုပြည်ပြီး ကြည်လင်လာမှာပါ။ ရေသောက်နည်းရင် အသားအရေခြောက်သွေ့ပြီး မလှပါဘူး။ ဒါကြောင့် ရေများများသောက်ပါ။