ကမ်းခြေသွားရင်တော့ အသားမဲမှာပဲဆိုပေမယ့် အရမ်းမမဲသွားအောင်၊ အသားတွေမဲသွားလိုက်တာဆိုပြီး မဖြစ်အောင်၊ သိသိသာသာအသားမဲသွားတာမျိုး မဖြစ်အောင်တော့ လုပ်လို့ရပါတယ်။ ဒါကြောင့် ကမ်းခြေသွားပြီး အသားမမဲချင်တဲ့သူတွေအတွက် မဖြစ်မနေလုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

လက်ရှည်ဝတ်ပါ

ကမ်းခြေသွားရင် လှလှလေးတွေဝတ်ချင်ကြတာပါပဲ။ ဒါပေမယ့် ကမ်းခြေဆင်းမယ်ဆိုရင် အပေါ်ထပ်လက်ရှည်လေးတွေ ထပ်ဝတ်သွားပါ။ ဓာတ်ပုံရိုက်တဲ့ခဏပဲ လက်ရှည်ချွတ်ရိုက်ပါ။ ဒါဆိုရင်တော့ နေလောင်တာမခံရပဲ အသားမဲတာလည်း သက်သာပါမယ်။

Sunscreen, Sun spray နိုင်အောင်သုံးပါ

ကမ်းခြေသွားမယ်ဆိုရင် sunscreen, sun spray မပါပဲ မသွားပါနဲ့။ Sunscreen နိုင်နိုင်လိမ်းပါ။ မျက်နှာ၊ လည်ပင်း၊ လက်၊ ခြေထောက် အားလုံးကိုလိမ်းပါ။ ၂ နာရီခြားတစ်ခါလောက်ကို ခဏခဏ sun spray တွေ ဖြန်းပေးပါ။ ဒါမှ နေလောင်ဒဏ်ကို အပြည့်အဝကာကွယ်နိုင်မှာပါ။

နေလောင်ဒဏ်အရမ်းမခံပါနဲ့

ကမ်းခြေသွားရင် နေလောင်ဒဏ်အရမ်းမခံပါနဲ့။ နေအရမ်းပြင်းတဲ့အချိန် ရေထဲမဆင်းပဲ နေနည်းနည်းအေးမှ ရေထဲဆင်းတာမျိုး၊ ကမ်းခြေမှာ ဆော့တာမျိုး လုပ်ပေးပါ။ အသားမဲမှာကြောက်ရင်တော့ ဒါတွေကိုလိုက်နာမှပဲရမှာပါ။

Lotion ပြန်လိမ်းဖို့မမေ့ပါနဲ့

ညဘက်ရေချိုးပြီးရင် lotion သေချာပြန်လိမ်းဖို့မမေ့ပါနဲ့။ Skincare သေချာပြန်လိမ်းဖို့ မမေ့ပါနဲ့။ အသားအရေမပျက်စီးအောင် skincare သေချာလုပ်ရပါမယ်။

Body Scrub, Body Spa လုပ်ပါ

ကမ်းခြေကပြန်လာရင် အနည်းနဲ့အများတော့ အရင်ကထက် အသားနည်းနည်းမဲလာမှာပါ။ ဒါကြောင့် ဆိုင်သွားပြီး body spa လုပ်မယ်ဆိုရင်တော့ အသားမဲမှာမဟုတ်ပါဘူး။ Body spa မလုပ်နိုင်ရင် body scrub လေးတော့ အိမ်မှာ သေချာပြန်လုပ်ပေးပါ။