ခြေထောက်လေးတွေက ဖြူဖွေးနေတာမျိုးမဟုတ်ရင်တောင်မှ ဂျီးမရှိပဲ ကြည်လင်နေရင် အရမ်းလှတာပါပဲ။ ဒါကြောင့် ခြေထောက်အသားအရေ လှပချင်တဲ့သူတိုင်း ပုံမှန်လုပ်ပေးဖို့လိုတဲ့အရာ ၅ ခုကို မျှဝေပေးလိုက်ပါတယ်။
ခြေထောက်ပုံမှန်တိုက်ပါ
ခြေထောက်လေးတွေ အမြဲတမ်းဖြူပြီး လှနေစေဖို့၊ အသားမဖြူရင်တောင်မှ ကြည့်လိုက်တာနဲ့ ခြေထောက်လေးတွေက သန့်ပြီးကြည့်ကောင်းနေစေဖို့အတွက် ရေချိုးတိုင်းမှာ ခြေထောက်တိုက်ပေးရပါမယ်။ ခြေထောက်တိုက်တဲ့ Brush နဲ့ သေချာတိုက်ပေးပါ။
Scrub ပုံမှန်လုပ်ပါ
အသားအရေ ကြည်ပြီးလှနေစေဖို့၊ ပုံမှန်ထက် အသားအရေပိုကောင်းပြီး ဖြူလာစေဖို့၊ အသားညစ်တာ၊ မဲတာတွေ ပျောက်စေဖို့အတွက် ပုံမှန် Scrub တိုက်ပေးဖို့ လိုပါတယ်။ တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်တိုက်ပေးပါ။
Lotion သေချာလိမ်းပါ
လက်ကိုပဲ Lotion လိမ်းတာမျိုး မလုပ်ပါနဲ့။ ခြေထောက်ကိုလည်း ခြေဖမိုးပါမကျန် Lotion သေချာလိမ်းပေးပါ။ ဒါမှ အသားအရေက စိုပြည်ပြီးလှနေမှာပါ။ အသားခြောက်တဲ့သူ၊ အသားအရေ Glow ချင်တဲ့သူဆိုရင် Lotion ကို Body Oil or Baby Oil နဲ့ ရောလိမ်းပေးပါ။
Waxing လုပ်ပါ
ခြေသလုံးမွှေးရှိတယ်ဆိုရင် Waxing လုပ်ပေးတဲ့အခါ အသားအရေက ပြောင်ချောပြီး ပိုလှပါတယ်။ အတိုဝတ်နေကျသူဆိုရင် တစ်လတစ်ခါလောက် ပုံမှန်လုပ်ပေးပါ။
ဒူးဖြူစေဖို့အတွက်
ဒူးကတော့ တော်တော်များများ မဲပါတယ်။ ဒါပေမယ့် စိတ်မညစ်ပါနဲ့။ ဒူးမဲတာသက်သာအောင်၊ ဒူးဖြူလာအောင် နနွင်းနဲ့ ရှားစောင်းလက်ပတ်ကို ရောမွှေပြီး ဒူးခေါင်းမှာ လိမ်းပေးတာမျိုး၊ Baking Soda နဲ့ သံပယိုရည်ကို ရောပြီး ဒူးခေါင်းမှာ လိမ်းပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ ပြီးရင်တော့ ရေပြန်ဆေးချပြီး Lotion နဲ့ Oil ရောလိမ်းပေးပါ။ ဒီလိုမျိုးမလုပ်ချင်ဘူးဆိုရင် ဆိုင်မှာ Peeling လုပ်လို့လည်း ရပါတယ်။