နှုတ်ခမ်းညိုမဲတာ သက်သာချင်တယ်ဆိုရင် ဒီအရာ ၅ ခုကိုသာ ပုံမှန်လုပ်သွားပေးပါ။ နှုတ်ခမ်းညိုမဲတာတွေ ဖြေးဖြေးချင်းစီလျော့ကျပြီး သက်သာလာပါလိမ့်မယ်။ ခက်ခဲတဲ့အရာတွေမဟုတ်တာကြောင့် စိတ်ရှည်ရှည်နဲ့သာ ပုံမှန်လုပ်ပေးပါ။

Lip Exfoliate ပုံမှန်လုပ်ပါ

 

တော်တော်များများက မျက်နှာနဲ့ Body Skin ကိုသာ Exfoliate လုပ်လေ့ရှိကြပေမယ့် နှုတ်ခမ်းကိုတော့ ချန်ထားတတ်ကြပါတယ်။ နှုတ်ခမ်းသားလှပပြီး ကျန်းမာချင်တယ်ဆိုရင် နှုတ်ခမ်းကိုလည်း Exfoliate လုပ်ပေးရပါမယ်။ နှုတ်ခမ်းညိုမဲတာ၊ နှုတ်ခမ်းသား ခြောက်သွေ့ပြီးကွဲတာတွေ အကုန်သက်သာပျောက်ကင်းစေပါတယ်။ တစ်ပတ် ၂ ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။

Lip Balm or Lip Mask နေ့တိုင်းသုံးပါ

နှုတ်ခမ်းညိုမဲတာ သက်သာချင်တယ်ဆိုရင် Lip Balm or Lip Mask နေ့တိုင်းသုံးပါ။ နှုတ်ခမ်းနီမဆိုးခင်မှာလည်း အောက်ခံအနေနဲ့ ဆိုးပေးပါ။ ညအိပ်ယာဝင်ခါနီးတိုင်းမှာလည်း သုံးပေးပါ။

Sunscreen လိမ်းပါ

မျက်နှာကို Sunscreen လိမ်းသလိုပဲ နှုတ်ခမ်းကိုလိမ်းရတာလည်း ရှိပါတယ်။ အပြင်ထွက်တိုင်းမှာ လိမ်းပေးမယ်ဆိုရင် နှုတ်ခမ်းညိုမဲတာ သက်သာလာပါလိမ့်မယ်။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက ကျန်းမာရေးကိုထိခိုက်ရုံတင်မဟုတ်ပဲ နှုတ်ခမ်းလည်း ညိုမဲလာစေတာကြောင့် ဆေးသောက်မသောက်ပါနဲ့။

ရေများများသောက်ပါ

ရေများများသောက်ပေးခြင်းက နှုတ်ခမ်းခြောက်သွေ့ပြီးကွဲတာကို သက်သာပျောက်ကင်းစေတဲ့အပြင် နှုတ်ခမ်းညိုမဲတာလည်း သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးဖို့လည်း မမေ့ပါနဲ့။