အိမ်မှာဘာမှလုပ်စရာမရှိလို့ဆိုပြီး ပျင်းနေတဲ့သူတွေအတွက် အပျင်းလည်းပြေပြီး ကိုယ့်အတွက်လည်း အကျိုးရှိအောင် လုပ်ကြည့်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

စာဖတ်ပါ

ဘာမှလုပ်စရာမရှိရင် စာဖတ်ပါ။ စာဖတ်တာက အပျင်းပြေစေသလို အာရုံစူးစိုက်မှုလည်း ကောင်းလာစေပါတယ်။ စိတ်တည်ငြိမ်စေပါတယ်။ ကိုယ်ဖတ်တဲ့စာအုပ်ပေါ်မူတည်ပြီး ကိုယ့်အတွက်အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

တရားထိုင်ပါ

တရားထိုင်တာကတော့ စိတ်တည်ငြိမ်အေးချမ်းစေပြီး stress တွေ လျော့ကျစေတယ်။ စိတ်ထိန်းချုပ်မှု ပိုကောင်းလာစေတယ်။ ကိုယ်ရောစိတ်ပါ relax ဖြစ်စေပါတယ်။ တကယ်တော့ တရားထိုင်တာက ပျင်းမှလုပ်တာထက် ကိုယ့်ရဲ့ lifestyle ထဲမှာ နေ့တိုင်း အချိန်ပေးလုပ်သင့်တဲ့အရာပါ။

ဟာသတွေပြန်ကြည့်ပါ

ပျင်းနေတယ်၊ ဘာမှလည်းလုပ်စရာမရှိဘူး၊ ဘာမှလည်းမလုပ်ချင်ဘူးဆိုရင်တော့ ဟာသတွေသာ ကြည့်နေပါ။ ကြည့်စရာမရှိရင်တောင် ကြည့်ပြီးသားဟာသတွေ ပြန်ကြည့်လို့ရပါတယ်။ ဟာသတွေကြည့်ပေးပြီး အားရပါးရရယ်မောပေးခြင်းက စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ အားလုံးပျောက်သွားစေပြီး စိတ်ပေါ့ပါးလန်းဆန်းသွားစေပါတယ်။

Crochet ထိုးပါ

အခုနောက်ပိုင်းမှာ မိန်းကလေးတော်တော်များများက crochet လေးတွေ ထိုးလာကြပါတယ်။ ပျင်းနေရင် ဘာမှလုပ်စရာမရှိရင် crochet ထိုးတာသင်ပြီး ထိုးကြည့်ပါ။ ကိုယ်ထိုးထားတာတွေ ရောင်းစားလို့ရသလို၊ ကိုယ်တိုင်ဝတ်ဖို့၊ သုံးဖို့အတွက်လည်း ရပါတယ်။ Crochet ထိုးတာက စိတ်တည်ငြိမ်ပြီး stress လည်း လျော့ကျစေပါတယ်။

အပင်စိုက်ပါ

အပင်စိုက်ကြည့်ပါ။ အိမ်မှာ အပင်လေးတွေစိုက်ထားရင် ကြည့်ရတာမျက်စိအေးပြီး နေလို့လည်းအရမ်းကောင်းပါတယ်။ စိတ်ပျော်ရွှင်ကြည်နူးမှုလည်း ရစေပါတယ်။ ကိုယ်တိုင်စိုက်ပြီး အလှဆင်တာမျိုးလေးတွေ လုပ်ကြည့်ပါ။