တခြားအရာတွေထက် အချစ်ရေးနဲ့ပတ်သက်ရင် စိတ်ထိခိုက်လွယ်တဲ့သူတွေအနေနဲ့ လုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ကိုယ့်အတွေးတွေပိုဆိုးမသွားအောင်၊ စိတ်ထိခိုက်မှုတွေ ပိုဆိုးမလာအောင် ကြိုတင်တားဆီးပေးနိုင်တဲ့ အရာတွေလည်း ဖြစ်ပါတယ်။

Negative အတွေးတွေလျှော့ပါ

အရေးကြီးတာကတော့ Negative အတွေးတွေ မတွေးဖို့ပါပဲ။ Negative ဘက်ကတွေးတာများလေ ပိုပြီး စိတ်ထိခိုက်ရလေပါပဲ။ အစထဲက စိတ်ထိခိုက်လွယ်တဲ့သူဆို ပိုဆိုးတာပေါ့။ ဒီတော့ အတတ်နိုင်ဆုံး ဘာကိုပဲဖြစ်ဖြစ် အကောင်းဘက်ကိုပဲ များများတွေးပေးပါ။

စိတ်ပျော်အောင်နေပါ

ဘာလုပ်ရင်ပျော်မလဲ စဉ်းစားပါ။ ကိုယ့်စိတ်ပျော်မယ့်အရာတွေကိုလုပ်ပါ။ စိတ်ညစ်စရာတွေကို ခေါင်းထဲကမြန်မြန်ထုတ်ပြီး ကိုယ်ပျော်မယ့် အကြောင်းအရာတွေကိုပဲ စဉ်းစားပါ။ အရာရာထက် ကိုယ့်ပျော်ရွှင်မှုကိုသာ ဦးစားပေးပါ။ အချစ်ရေးနဲ့ပတ်သက်ပြီး အရမ်းစိတ်နှစ်မထားပါနဲ့။ ပျော်ပျော်နေပါ။

ကိုယ့်အပေါ်ကောင်းတဲ့သူနဲ့အမြဲစကားပြောပါ

စိတ်ထိခိုက်လွယ်တဲ့သူတွေအတွက်က စကားပြောဖော်၊ ရင်ဖွင့်ဖော် တိုင်ပင်ရမယ့်သူ လိုအပ်ပါတယ်။ ဒီတော့ ကိုယ့်အပေါ်ကောင်းတဲ့သူနဲ့ အမြဲစကားပြောပါ။ တိုင်ပင်ပါ။ ဒါဆိုရင် စိတ်ထိခိုက်ရတာ ပိုသက်သာလာပါမယ်။

တရားထိုင်ပါ၊ ယောဂကျင့်ပါ

 

တရားထိုင်တာပဲဖြစ်ဖြစ် ယောဂကျင့်တာပဲဖြစ်ဖြစ် တစ်ခုခုလုပ်ပေးပါ။ ဘယ်အရာအပေါ်မဆို စိတ်ထိခိုက်လွယ်တာ၊ ခံစားလွယ်တာတွေ တစ်ဖြေးဖြေးနဲ့ လျော့ကျလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာလည်း ပိုအားကောင်းလာပါလိမ့်မယ်။

ဝါသနာပါတာလုပ်ပါ

အချစ်ရေးမှာ စိတ်ထိခိုက်လွယ်တဲ့သူက တစ်ခုခုဖြစ်လာရင် အတွေးတွေလွန်ပြီး ပိုဆိုးပါတယ်။ ကိုယ့် Partner အပေါ်မှာလည်း အတွေးတွေများပြီး စိုးရိမ်စိတ်တွေ လွန်ကဲနေတတ်ပါတယ်။ ဒီလိုတွေဖြစ်နေတာ လျော့ကျသွားအောင် ကိုယ့်စိတ်တည်ငြိမ်ပြီး သိပ်တွေးနေချိန်မရှိအောင် ဝါသနာပါတာတွေကို လုပ်ဆောင်ပါ။ ကိုယ်ဝါသနာပါတာတွေကို လုပ်နေရရင် ပျော်ပြီး အဲ့ထဲစိတ်ရောက်နေတဲ့အတွက် ပိုအဆင်ပြေလာပါလိမ့်မယ်။