ဆံပင်ပါးတယ်ဆိုရင် သူများထက်ပိုပြီးတော့ ဆံသားကိုထိန်းသိမ်းသင့်တယ်၊ ဂရုစိုက်သင့်ပါတယ်။ ဆံသားဂရုမစိုက်ရင် ပျက်စီးလွယ်ပြီး ဆံပင်တွေကျွတ်လာတဲ့အခါ ထိပ်ပြောင်တာမျိုးတွေအထိ ဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်ပါးတဲ့သူတွေအနေနဲ့ ဒီအရာ ၅ ခုကို လုံးဝမလုပ်သင့်ပါဘူး။

Hair oil အများကြီးမလိမ်းပါနဲ့

Hair oil လိမ်းရမယ်ဆိုပေမယ့်လည်း ဆံပင်ပါးတဲ့သူတွေက hair oil ကို အများကြီးယူပြီး ဦးရေပြားနားအထိ ကပ်လိမ်းတာမျိုး မလုပ်ပါနဲ့။ ဆံပင်ပါးတော့ အလွယ်တကူ စေးကပ်သွားပါလိမ့်မယ်။

ဆံပင်အရောင်မချွတ်ပါနဲ့

ဆံပင်ပါးတဲ့သူတွေက ဆံပင်အရောင်ဆိုးချင်ဆိုးပါ။ ဒါပေမယ့် အရောင်ချွတ်တာမျိုးတော့ လုံးဝမလုပ်ပါနဲ့။ ဆံပင်အရမ်းပျက်စီးပြီး ဆံပင်ကျွတ်စေတဲ့အတွက် နဂိုဆံပင်ပါးတဲ့သူတွေဆိုရင် ထိပ်ပြောင်တာ၊ ထိပ်ကွက်တာတွေအထိ ဖြစ်နိုင်ပါတယ်။

ကြမ်းကြမ်းတမ်းတမ်းမကိုင်တွယ်ပါနဲ့

ဆံပင်ရေစိုနေတဲ့အချိန် ခေါင်းဖြီးရင်ပဲဖြစ်ဖြစ်၊ ကျန်တဲ့အချိန်တွေမှာ ခေါင်းဖြီးရင်ပဲဖြစ်ဖြစ် ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ခေါင်းလျှော်ပြီး ဆံပင်ရေသုတ်တဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်း ပွတ်သုတ်တာမျိုး မလုပ်ပါနဲ့။ ဆံသားနဲ့ဦးရေပြားနာပြီး ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ ကိုယ်က ဆံပင်ပါးတယ်ဆိုရင် သူများထက်ပိုပြီး စိတ်ရှည်ရှည်နဲ့ ဆံပင်ကို ညှင်သာစွာ ကိုယ်တွယ်ပေးပါ။

ဆံပင်ကိုပုံစံတစ်မျိုးထဲမလုပ်ပါနဲ့

ဆံပင်ကို ပုံစံတစ်မျိုးထဲ အမြဲလုပ်ထားတာက ဆံသားကျိုးကြေပြီး ပျက်စီးတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ ဥပမာ ဆံပင်ကို တင်းကြပ်နေအောင် အမြဲစုစည်းထားတာမျိုး၊ ဆံပက်ကို တင်းကြပ်နေအောင် အမြဲထုံးထားတာ၊ လိပ်တင်ထားတာမျိုးတွေ မလုပ်ပါနဲ့။

Dryer ကို လေပူမသုံးပါနဲ့

Dryer ကို လုံးဝမသုံးပဲနဲ့လည်း အဆင်မပြေဘူးဆိုရင် လေပူမသုံးပါနဲ့။ လေအေးနဲ့ပဲ မှုတ်ပေးပါ။ လေပူသုံးတာက ဆံသားမွဲခြောက်ပြီး ဖွာတာ၊ ပျက်စီးတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ ဆံပင်ပါးတဲ့သူတွေဆိုရင် ဆံပင်ပိုကျွတ်လာတဲ့အခါ အဆင်မပြေပါဘူး။ ဒါကြောင့် dryer ကို လေပူမသုံးပါနဲ့။