အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူစေတဲ့ အကြောင်းတွေ အများကြီး ဖြစ်ပါတယ်။ ကိုယ်နဲ့ ဓါတ်မတည့်တဲ့ ဓါတုပစ္စည်းတွေပါတဲ့ ခေါင်းလျှော်ရည်နဲ့ Gel တွေ သုံးလို့လည်း ဖြစ်နိုင်ပါတယ်။ အသုံးအဆောင်ကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ Lifestyle အမှားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မှားယွင်းနေတဲ့ လူနေမှုပုံစံကို ပြောင်းလိုက်မယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်မဖြူအောင် ကာကွယ်နိုင်ပါလိမ့်မယ်။

(၁) ဆေးလိပ်သောက်ခြင်း

Photo : BBC.com

တစ်နေ့ စီးကရက် ၁၀ လိပ်နဲ့ အထက်သောက်ရင် ဆံပင်ဖြူနိုင်ခြေ ပိုများပါတယ်။ အနည်းဆုံးတော့ ဆံပင်အရောင်မွဲပြီး ဆံသား ပျက်စီးနိုင်ပါတယ်။

(၂) ရေလုံလောက်အောင် မသောက်ခြင်း

Photo: Pexels

တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာတော့ သောက်သင့်ပါတယ်။ အခုခေတ်မှာ ရေဆာမှ တကယ်သောက်ဖြစ်တာများ ပြီး ရေအစား တစ်ခြား အဖျော်ယမကာတွေပဲ မှီဝဲတာ များလာပါတယ်။ ရေလုံလောက်အောင် သောက်ဖြစ်ဖို့ အကျင့်လုပ်ထားသင့်ပါတယ်။

(၃) ဖိအား

Photo: Unsplash

စိတ်ဖိစီးမှု များသူဟာ ဆံပင်ကျွတ်တာနဲ့ ဆံပင်ဖြူတာ အဖြစ်များပါတယ်။ ဖိအားများပြီး အထိုင်များတဲ့ အလုပ်လုပ်သူတွေဟာ ပုံမှန်လူတွေထက် ကျန်းမာရေးလည်း ပိုညံ့တတ်ပါတယ်။

(၄) အာဟာရမပြည့်ဝခြင်း

Photo: Eat This, Not That

ကျန်းမာရေးပြဿနာတွေရဲ့ တစ်ဝက်လောက်က အာဟာရမညီမျှလို့ပါပဲ။ အာဟာရဟာ လောင်စာဆီပါ။ ဆီညံ့ရင် စက်ချို့ယွင်းလာသလို အာဟာရမပြည့်ရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ ဆံပင်ကျန်းမာဖို့အတွက် အဆီများပြီး ကြော်လှော်ထားတဲ့ အစားအစာတွေ ရှောင်ပါ ။ မုန့်အစား သစ်သီးသစ်ဖုတွေ ပိုစားပေးပါ။

(၅) အိပ်ရေးပျက်များခြင်း

Photo : Health Magazine

အိပ်ရေးမဝခြင်းဟာ ဒီခေတ်ရဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ထည့်ပြောရတဲ့ ကိစ္စပါ။ အိပ်ချိန် မလုံလောက်သူဟာ ဆံပင်တင်မဟုတ်ဘဲ တစ်ခြား ကိုယ်တွင်းကျန်းမာရေးတွေပါ ထိခိုက်လာနိုင်ပါတယ်။