လူတိုင်းကတော့ ဘဝမှာ တစ်ခါတစ်လေ အဆင်မပြေမှုတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံတွေ့ရပြီး depression ဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ Depression ဝင်နေတဲ့အချိန်မှာ စိတ်ကို အရမ်းဂရုစိုက်ဖို့လိုပါတယ်။ စိတ်အလိုလိုက်ပြီး အမှားတွေမလုပ်မိဖို့လည်း ထိန်းချုပ်ရပါမယ်။ Depression ဝင်နေတာ ဒီထက်ပိုဆိုးမလာအောင်လည်း ဂရုစိုက်ရပါမယ်။ အဓိကကတော့ depression ဝင်နေတဲ့အချိန်မှာ ဒီအရာ ၅ ခုကို မလုပ်မိဖို့ အရေးကြီးပါတယ်။

အတွေးနယ်မချဲ့ပါနဲ့

အဆင်မပြေတာတွေ၊ ဝမ်းနည်းစရာတွေကို တစ်ချိန်လုံးတွေးနေရင် ပိုပြီးစိတ်ဆင်းရဲရမယ်၊ စိတ်ဓာတ်တွေအောက်ဆုံးထိ ထိုးကျလာပါမယ်။ တချို့က depression ဝင်လာပြီဆို အကောင်းဘက်ကနေ မတွေးတတ်ကြတော့ပဲ အဆိုးတွေကိုပဲ တွေးတွေးပြီး ပိုစိတ်ဓာတ်ကျလာပါတယ်။ ဒါကြောင့် လုံးဝအတွေးနယ်မချဲ့ပါနဲ့။ အများကြီးမတွေးပါနဲ့။

တစ်ယောက်ထဲမနေပါနဲ့

Depression ဝင်နေတဲ့အချိန်မှာ တစ်ယောက်ထဲနေရင် ပိုဆိုးပါတယ်။ ဟိုနားထိုင်ပြီး မှိုင်နေလိုက်၊ တစ်ခုပြီးတစ်ခုတွေးနေလိုက်၊ ဝမ်းနည်းစိတ်တွေ၊ အားငယ်စိတ်တွေဝင်လာလိုက်၊ ငါ့အနားဘယ်သူ့မှမရှိဘူးဆိုတဲ့ အတွေးတွေဝင်လာလိုက်နဲ့ ဖြစ်နေမှာပါ။ ဒါကြောင့် depression ဝင်နေချိန်မှာ ကိုယ့်ကိုချစ်တဲ့သူတွေ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့နေပြီး အတတ်နိုင်ဆုံး စိတ်ကို ပျော်အောင်ထားပါ။

မစဉ်းစားမဆင်ခြင်ပဲမလုပ်ပါနဲ့

Depression ဝင်နေချိန်မှာ မကောင်းတဲ့အတွေးတွေ ခေါင်းထဲရောက်လာပြီး စိတ်ထဲပေါ်လာတဲ့အတိုင်း လျှောက်လုပ်တတ်ပါတယ်။ တချို့ဆိုရင် ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်တာတွေ ရှိပါတယ်။ ဒီလိုတွေလုပ်ရင် အခြေအနေတွေပိုဆိုးသွားပြီး အန္တရာယ်လည်း များပါတယ်။

ကိုယ့်ထက်သာတဲ့သူတွေနဲ့မနှိုင်းပါနဲ့

Depression ဝင်နေချိန်မှာ ကိုယ့်ထက်သာနေတဲ့သူတွေနဲ့ လိုက်နှိုင်းယှဉ်နေရင်တော့ ပိုပြီး စိတ်ဓာတ်ကျလာဖို့ပဲ ရှိပါတယ်။ ကိုယ့်စိတ်ကို ဒုက္ခမပေးပါနဲ့။

Toxic ဖြစ်စေတဲ့သူတွေနဲ့ဝေးဝေးနေပါ

Toxic ဖြစ်စေတဲ့သူတွေနဲ့ နေမိရင် ကိုယ့်ပါပိုပြီးစိတ်ညစ်ရတယ်၊ စိတ်ဆင်းရဲရပါတယ်။ ဒါကြောင့် depression ဝင်နေချိန်မှာ သူတို့နဲ့ဝေးဝေးနေပါ။ မဟုတ်ရင်တော့ ကိုယ့်စိတ်အခြေအနေ ပိုဆိုးသွားဖို့ပဲ ရှိပါတယ်။