ရည်းစားနဲ့ date နေချိန်မှာ ဒီအရာ ၅ ခုကိုတော့ မလုပ်သင့်ပါဘူး။ တစ်ဖက်လူအပေါ် အလေးမထားရာကျပါတယ်။ ဒါက foul ဖြစ်စေတဲ့ အပြုအမူတွေလည်း ဖြစ်ပါတယ်။

အရမ်းနောက်ကျခြင်း

ရည်းစားနဲ့ date ထားတာကို ခဏလောက်နောက်ကျတာတော့ အဆင်ပြေပေမယ့် အရမ်းနောက်ကျတာမျိုးကျတော့ စောင့်ရတဲ့သူအတွက် စိတ်ပျက်စရာ ဖြစ်စေပါတယ်။ အရမ်းလည်း foul ဖြစ်ပါတယ်။ တချို့ဆိုရင် ချိန်းထားတိုင်းကို နောက်ကျနေတတ်တာပါ။ ဒီလိုမျိုးတွေက တစ်ဖက်လူကို အလေးမထားရာကျပါတယ်။

ဖုန်းသုံးနေခြင်း

ရည်းစားနဲ့ date နေတဲ့အချိန်မှာ ဖုန်းကိုမသုံးသင့်တာပါ။ ကိုယ့်ဘေးနားသူရှိနေတာတောင် ဖုန်းထုတ်သုံးနေတာ၊ ဖုန်းပဲပြောနေတာတွေက အရမ်း foul ဖြစ်ပါတယ်။ မလုပ်သင့်တဲ့အပြုအမူမျိုးပါ။ တစ်ဖက်လူကို အလေးမထား၊ ဂရုမစိုက်တဲ့ပုံစံမျိုး ဖြစ်စေပါတယ်။

စကားပြောနေချိန်မှာအာရုံမစိုက်ခြင်း

Date နေချိန်မှာ ကိုယ့်ရည်းစားပြောတဲ့စကားတွေကို သေချာအာရုံစိုက်နားထောင်ပေးသင့်ပါတယ်။ စကားပြောနေတာကို တခြားဘက်ကြည့်နေတာမျိုး၊ ကိုယ်လုပ်ချင်တာလုပ်နေတာမျိုးတွေက အာရုံမစိုက်တဲ့ပုံစံမျိုး ပေါ်လွင်စေပါတယ်။ ဒီအပြုအမူတွေက ကြာလာရင် relationship မှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ တစ်ဖက်လူက သည်းမခံနိုင်ရင် ရန်ဖြစ်စကားများရမှာပါ။

Date နေချိန်မှာ အိပ်ပျော်နေခြင်း

ရည်းစားနဲ့ date နေချိန်မှာ အိပ်ပျော်နေတတ်တဲ့သူတွေ ရှိပါတယ်။ ရုပ်ရှင်ကြည့်နေတဲ့အချိန်၊ တစ်ဖက်လူက စကားတွေပြောနေတဲ့အချိန်မှာ အိပ်ငိုက်ပြီး အိပ်ပျော်သွားတာမျိုးတွေက မဖြစ်သင့်ပါဘူး။ ကိုယ့်ကိုဂရုမစိုက်ဘူး၊ ကိုယ်နဲ့ date နေတာတောင် ဒီလိုဖြစ်နေတယ်ဆိုပြီး တစ်ဖက်လူက စိတ်မကောင်းဖြစ်သွားမှာပါ။

တခြားသူအကြောင်းတွေပြောနေခြင်း

ယောင်္ကျားလေးဆိုလည်း ကိုယ့်ကောင်မလေးနဲ့ date နေချိန်မှာ တခြားကောင်မလေးအကြောင်းတွေ ပြောနေတာမျိုး မလုပ်သင့်ပါဘူး။ မိန်းကလေးဆိုလည်း ကိုယ့်ကောင်လေးနဲ့ date နေချိန်မှာ တခြားကောင်လေးအကြောင်းတွေ ပြောနေတာမျိုး မလုပ်သင့်ပါဘူး။ နှစ်ယောက် date နေချိန်မှာ ကိုယ့်အကြောင်းပဲကိုယ်ပြောပြီး ပျော်စရာအမှတ်တရတွေကိုပဲ ဖန်တီးရမှာပါ။ မလိုအပ်တဲ့စကားတွေပြောပြီး စိတ်အနှောင့်အယှက်မဖြစ်ပါစေနဲ့။