Relationship တိုင်းမှာ လုံးဝမလုပ်သင့်တဲ့အရာ ၅ ခုရှိပါတယ်။ သူငယ်ချင်းပဲ့ဖြစ်ဖြစ်၊ ချစ်သူရည်းစားပဲ့ဖြစ်ဖြစ် စောင့်ထိန်းသင့်တဲ့အရာတွေလည်း ဖြစ်ပါတယ်။

သူများရည်းစားစနိုက်ကြော်တာ

Relationship တစ်ခုမှာ သူများရည်းစားစနိုက်ကြော်တာတော့ အဆိုးဆုံးပါပဲ။ ရည်းစားရှိတဲ့သူဆိုရင် ရှောင်သင့်ပါတယ်။ အရင်က ကိုယ်ဘယ်လောက်ပဲကြိုက်ခဲ့ပါစေ ပိုင်ရှင်ရှိသွားပြီဆိုရင် နောက်ဆုတ်ပေးရမှာ ethic ပါပဲ။

ဖောက်ပြန်တာ

Relationship တွေအတွက် နောက်ထပ်အဆိုးဝါးဆုံးကတော့ ဖောက်ပြန်တာပါပဲ။ ဒီတစ်ယောက်နဲ့မတွဲချင်တဲ့အခါ လမ်းခွဲပါ။ လမ်းခွဲပြီးမှ ကိုယ်လုပ်ချင်တာလုပ်လို့ရပါတယ်။ ရည်းစားရှိရက်နဲ့ဖောက်ပြန်တာတော့ စိတ်ပျက်စရာအကောင်းဆုံးလုပ်ရပ်ပါပဲ။

သူငယ်ချင်းရည်းစားကိုစည်းကျော်တာ

သူငယ်ချင်းရဲ့ရည်းစားဆိုရင် ဘယ်လောက်ပဲခင်မင်နေပါစေ စည်းထားသင့်ပါတယ်။ စည်းကျော်တာမျိုး မလုပ်သင့်ပါဘူး။ တစ်ဖက်လူဘယ်လိုခံစားရမလဲဆိုတာကို ကိုယ်ချင်းစာကြည့်ပြီး ဆင်ခြင်သင့်ပါတယ်။ ရည်းစားရဲ့ သူငယ်ချင်းနဲ့လည်း လိုတာထက်ပိုပြီး ပက်သက်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။

ကိုယ်ထိလက်ရောက်လုပ်တာ

Relationship တစ်ခုမှာ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ထိလက်ရောက် လုံးဝမလုပ်သင့်ပါဘူး။ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ၊ ဘယ်လောက်ပဲ စိတ်တိုနေပါစေ စကားနဲ့ပဲပြောသင့်ပါတယ်။

လျှို့ဝှက်ချက်တွေကိုမထိန်းသိမ်းပေးတာ

ချစ်သူရည်းစား relationship မျိုးမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်း relationship မျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယုံကြည်လို့ လာပြောပြတဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးသင့်ပါတယ်။ နောက်ကွယ်မှာ တခြားသူကို ပြန်ပြောပြနေတာမျိုး၊ မတည့်မှ၊ အဆင်မပြေမှ ပြန်ပြောပြီး အပုပ်ချတာမျိုးတွေလည်း လုံးဝမလုပ်သင့်ပါဘူး။