Social Media သုံးမှ စိတ်ပျော်ရတယ်၊ အပျင်းပြေတယ်လို့ ထင်ကြတာများပါတယ်။ တစ်ခါတစ်လေကျရင်လည်း Social Media က အရမ်း Toxic ဖြစ်ပါတယ်။ ဒါကြောင့် အလွန်အကျွံသုံးစွဲတာကို လျှော့သင့်ပါတယ်။ Social Media ကို မသုံးပဲနေတဲ့အခါမှာ သင့်အတွက် စိတ်ပျော်ရွှင်မှုရစေမယ့်အရာ ၅ ခုကိုလည်း ပြောပြပေးလိုက်ပါတယ်။ Social Media မသုံးပဲနေတဲ့အခါမှာ ဘာလုပ်ရမှန်းမသိဖြစ်နေရင် ဒီအရာတွေ လုပ်ကြည့်ပါ။
ကိုယ်ဝါသနာပါတာကိုလုပ်ပါ
ကိုယ်ဝါသနာပါတဲ့အရာကို ရှာဖွေပြီး အဲ့ရာကို စတင်သင်ယူကြည့်တာမျိုး၊ စတင်လုပ်ဆောင်ကြည့်တာမျိုးတွေ လုပ်ကြည့်ပါ။ စိတ်ပျော်ရွှင်မှုရသလို အပျင်းလည်းပြေစေပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိစေမှာပါ။
အပြင်သွားပါ
အပြင်သွားပြီး ပျော်ရွှင်နေရရင် စိတ်ရောကိုယ်ပါ လွတ်လပ်ပေါ့ပါးပြီး အပူအပင်ကင်းပါတယ်။ ဒီလိုအချိန်တွေမှာ Social Media မသုံးပဲနေလို့ရပါတယ်။ ဒါကြောင့် တစ်ချိန်လုံး Social Media ပဲသုံးနေမယ့်အစား အပြင်သွားပြီး မုန့်စားတာ၊ အပန်းဖြေတာ၊ သူငယ်ချင်း၊ ချစ်သူနဲ့ Date လုပ်ပါ။
ကိုယ်ချစ်တဲ့သူနဲ့နေပါ
ချစ်သူရှိတဲ့သူဆိုရင် ကိုယ်ချစ်တဲ့သူနဲ့နေပါ။ အချိန်ကုန်ဆုံးပါ။ စကားတွေပြောလိုက်၊ မုန့်စားလိုက်၊ လျှောက်သွားလိုက်နဲ့ ပျော်ပျော်နေပါ။ ကိုယ်ချစ်တဲသူနဲ့ အတူရှိနေရတာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။ ချစ်သူမရှိတဲ့သူတွေကတော့ ကိုယ်ချစ်တဲ့သူငယ်ချင်း၊ မိသားစုတွေနဲ့ပဲ အချိန်ကုန်ဆုံးပါ။
ရုပ်ရှင်ကြည့်ပါ
Social Media မသုံးပဲနဲ့ ရုပ်ရှင်ကြည့်တာလည်း စိတ်ပျော်ရွှင်မှုရစေသလို အပျင်းလည်းပြေပါတယ်။ ဒီတော့ အပြင်လည်းမသွားချင်ဘူး၊ ဘာလုပ်ရမှန်းလည်းမသိဘူးဆိုရင် ရုပ်ရှင်ကြည့်ပါ။
စာအုပ်ဖတ်ပါ
စာဖတ်ဝါသနာပါတဲ့သူတွေအတွက်တော့ Social Media မသုံးပဲနေတဲ့အခါမှာ စိတ်ပျော်ရွှင်မှု ပေးနိုင်မယ့်အရာက စာအုပ်ဖတ်တာပါပဲ။ တချို့ဆို စာအုပ်ဖတ်နေရရင် လောကကြီးကိုတောင်မေ့ပြီး အချိန်ကုန်တာတွေလည်း မသိတော့ပါဘူး။ စာဖတ်တာက ကိုယ့်အတွက်လည်း အများကြီးအကျိုးရှိစေတာကြောင့် စာဖတ်ပါ။