သင်ကကိုယ်အလေးချိန် လျှော့ချဖို့ ဆုံးဖြတ်ထားတာလား ? ညဥ့်နက်မှ အဆာပြေစားတာ၊ တီဗီကြည့်တာ၊ အထိုင်များတာ အရက်အလွန်အကျွံသောက်တာ၊ ညဘက်အလုပ်တွေကို ရှောင်ကြဉ်တာက သင့်ကို ကိုယ်အလေးချိန်လျှော့ချဖို့ အကောင်းဆုံးဖြစ်အောင် ကူညီပေးပါလိမ့်မယ်။ ဒါကြောင့် ညနေ ၅ နာရီ နောက်ပိုင်းမှာ ဒီအချက်တွေကို မလုပ်ဖြစ်ဖို့ သတိထားပါ။

အဆာပြေစားတာ

ညနေ ၅ နာရီနောက်ပိုင်းမှာ ဇီဝကမ္မဖြစ်စဉ်တွေက နှေးကွေးလာပြီး ခန္ဓာကိုယ်ရဲ့ အစာချေဖျက်နိုင်စွမ်းတွေ ကျဆင်းလာပါတယ်။ ဒီအချိန်မှာ ကယ်လိုရီများတဲ့ သရေစာတွေ စားသုံးမိရင် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ဒါကြောင့် ညနေ ၅ နာရီ နောက်ပိုင်း အဆာပြေစားတာမျိုးရှောင်ပါ။

TV ထိုင်ကြည့်တာ

ညဘက် TV ကြည့်ရင်းမုန့်စားတဲ့အခါ သတိမထားမိဘဲ သရေစာအလွန်အကျွံစားမိရင် ကယ်လိုရီပိုစားမိနိုင်တာကြောင့် TV ကြည့်ရင်းမုန့်စားမယ့်အစား စာအုပ်ဖတ်တာ ၊ လမ်းလျှောက်တာ ဒါမှမဟုတ် ယောဂလေ့ကျင့်တာမျိုး လုပ်ပေးပါ။

အထိုင်များတာ

တစ်နေကုန်အလုပ်ကပင်ပန်းလာတာရင် အများစုက ဆိုဖာပေါ်မှာ လှဲချပြီး အနားယူတတ်ကြပါတယ်။ ဒီလိုအကြာကြီးထိုင်တာက ကိုယ်အလေးချိန်ပေါ် အများကြီးသက်ရောက်မှုရှိတာကြောင့် လေ့ကျင့်ခန်းလုပ်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ကယ်လိုရီလောင်ကျွမ်းစေရုံသာမက ဇီဝြဖစ်ပျက်မှုကိုလည်း မြန်ဆန်စေပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အရက်သောက်တာ

ညနေဘက် အလုပ်ကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ဆုံလို့ဖြစ်ဖြစ် ဝိုင်တစ်ခွက် သို့မဟုတ် ကော့တေးတစ်ခွက်လောက်သောက်တာက ပြဿနာမရှိပေမယ့် အရက်အလွန်အကျွံသောက်တာက ကိုယ်အလေးချိန် ကျဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်တာမျိုး ရှောင်သင့်ပါတယ်။

နောက်ကျတဲ့အထိအလုပ်လုပ်တာ

ညဘက်နောက်ကျတဲ့အထိ အလုပ်လုပ်တာက အကျိုးရှိတဲ့အလေ့အထတစ်ခုလို့ ထင်ရပေမယ့် ကိုယ်အလေးချိန်လျှော့ချတာနဲ့ ပတ်သက်ပြီး ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးမဝတာ ၊ စိတ်ဖိစီးမှု များတာတွေက ဟော်မုန်းမျှတမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်ဇယားကို ချမှတ်ပါ။ အိပ်ရာမဝင်မီ အီလက်ထရွန်နစ်ပစ္စည်းများကို ရှောင်ကြဉ်ပါ။