အလုပ်များတဲ့ couple တွေအနေနဲ့ မအားလို့ဆိုပြီး ပစ်ထားတာမျိုး မလုပ်ပါနဲ့။ ခဏခဏပစ်ထားတာတွေ များလာရင် အထီးကျန်ပြီး အနေဝေးသလို၊ သွေးအေးသလိုမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါကြောင့် သွေးအေးပြီး အချစ်တွေလျော့သွားတာမျိုး မဖြစ်အောင် အလုပ်များတဲ့ couple တွေအနေနဲ့ ပုံမှန်လုပ်ပေးသင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

နေ့တိုင်းဖုန်းပြောပါ

ဘယ်လောက်ပဲမအားဘူးဖြစ်နေပါစေ နေ့တိုင်း တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ဖုန်းပြောပေးပါ။ ဖုန်းဆက်ပါ။ မအားလို့ဆိုတဲ့အကြောင်းပြချက် တစ်နေ့ကို ဖုန်းလေးတစ်ကြိမ်လောက်တောင် မဆက်တာမျိုးကျတော့ ကြာလာရင် တစ်ဖက်လူက အထီးကျန်လာတဲ့အခါမှာ မြင်လာပါလိမ့်မယ်။

ပုံမှန်စာပို့ပါ

အားတဲ့အချိန်လေးတွေမှာ သတိရရင် သတိရသလို စာလေးတွေပုံမှန်ပို့ပေးပါ။ တစ်ခုခုလုပ်စရာရှိရင်လည်း ဖုန်းဆက်ဖို့အဆင်မပြေရင် အသိပေးတဲ့အနေနဲ့ စာပို့ပေးပါ။ မတွေ့ရရင်တောင်မှ ဒီလိုစာလေးတွေနဲ့ အမြဲတမ်းအဆက်အသွယ်ရှိနေရင် ပိုနီးစပ်သလိုခံစားရစေပါတယ်။

အမှတ်တရနေ့တိုင်းအတူရှိပေးပါ

အလုပ်တွေမအားလို့မတွေ့ဖြစ်ရင်တောင်မှ အမှတ်တရနေ့လေးတွေ၊ အရေးကြီးတဲ့နေ့လေးတွေမှာတော့ တူတူရှိပေးပြီး ပျော်စရာကောင်းတဲ့အချိန်တွေကို နှစ်ယောက်တူတူကုန်ဆုံးကြည့်ပါ။

အမှတ်တရလက်ဆောင်လေးတွေပေးပါ

တန်ဖိုးကြီးတာမှမဟုတ်ပါဘူး။ ကိုယ့်ချစ်သူအတွက် အမှတ်တရအနေနဲ့ လက်ဆောင်လေးတွေ ခဏခဏပေးတာမျိုး၊ anni နေ့တွေမှာ လက်ဆောင်လေးတွေပေးတာမျိုး၊ ကိုယ်မအားရင်တောင်မှ လက်ဆောင်လေးတွေ၊ မုန့်လေးတွေပို့ပေးပြီး ဂရုစိုက်ပေးပါ။ အချစ်တွေပိုတိုးပြီး ပျော်ရွှင်မှုပိုရစေပါတယ်။

ချစ်ကြောင်းလွမ်းကြောင်းပြောဖို့ဝန်မလေးပါနဲ့

အလုပ်များပြီး မအားတဲ့ couple တွေက တစ်ယောက်နဲ့တစ်ယောက် မာနတွေထားရင် ပိုပြီးသွေးအေးလာကြပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်း၊ လွမ်းကြောင်းပြောဖို့ကို ဝန်မလေးပါနဲ့။ မရှက်ပါနဲ့။ ကိုယ်ဘယ်လောက်ချစ်ကြောင်း၊ ဂရုစိုက်ကြောင်းကို တစ်ဖက်လူသိအောင် ပြပေးပါ။