ပိုက်ဆံတွေ အကုန်ကျခံပြီး ဟိုဟာဝယ်သုံး၊ ဒီဟာဝယ်သုံးမှ အသားအရေကောင်းလာမှာ မဟုတ်ပါဘူး။ ပိုက်ဆံအကုန်အကျခံနိုင်ရင်တော့ အသားဖြူဖို့၊ အသားအရေကြည်ပြီး ကောင်းလာဖို့ဆိုတာ မြန်တာပေါ့။ ဒါပေမယ့် ကိုယ်က ထွေထွေထူးထူး ပိုက်ဆံမကုန်ပဲ အသားအရေကောင်းလာချင်တယ်၊ အသားလေးကြည်လာချင်တယ်ဆိုရင်တော့ ဒီအရာ ၅ ခုကိုပဲ အမြဲလုပ်ပေးပါ။ သဘာဝအတိုင်းဖြစ်တဲ့အတွက် အချိန်ကတော့ ကြာပါလိမ့်မယ်။ စိတ်ရှည်ပြီး ဇွဲရှိဖို့လည်း လိုပါတယ်။

အိပ်ရေးဝဝအိပ်ပါ

အသားအရေကောင်းချင်ရင် အိပ်ရေးဝဝအိပ်ပါ။ ညဘက်နောက်ကျမှ မအိပ်ပါနဲ့။ စောစောအိပ်၊ စောစောထပြီး လေ့ကျင့်ခန်းလုပ်ရင် ချွေးပုတ်တွေထွက်သွားပြီး အသားအရေကြည်လင်လာပါတယ်။ နောက်ကျမှအိပ်ပြီး အိပ်ရေးမဝရင်တော့ အသားအရေက ညစ်ညစ်ကြီးဖြစ်မယ်၊ ဝက်ခြံတွေဖုတွေ ထွက်လာပါလိမ့်မယ်။

ရေများများသောက်ပါ

ရေကို ပုံမှန် ၈ ခွက်သောက်တယ်ဆိုရင် ပိုတိုးပြီး ၁၀ ခွက်၊ ၁၂ ခွက် သောက်ပါ။ များများသာသောက်ပါ။ တစ်ရက်၊ နှစ်ရက်လောက်လုပ်လို့ မရပါဘူး။ အမြဲတမ်းကို လုပ်သွားရပါမယ်။ အသားအရေကောင်းဖို့၊ အသားကြည်လာဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးအရာက ရေများများသောက်တာပါပဲ။

ဝမ်းမချုပ်ပါစေနဲ့

ဝမ်းချုပ်ရင် အသားအရေညစ်ပါတယ်။ ဖုတွေထွက်ပါတယ်။ ဒါကြောင့် ဝမ်းမချုပ်ပါစေနဲ့။

အသီးအရွက်များများစားပါ

ထမင်းစားတဲ့အခါမှာ နေ့တိုင်း အသီးအရွက်တစ်မျိုးပါအောင်စားပါ။ အသီးအရွက်တွေ၊ အသီးအနှံတွေကို နေ့တိုင်းစား၊ များများစားရင် အသားကြည်ပြီး အသားအရေလှလာပါမယ်။

Lotion အမြဲလိမ်းပါ

Lotion ကတော့ မဖြစ်မနေလိမ်းရမယ့်အရာမို့ ပိုက်ဆံအကုန်ခံရမှာပါပဲ။ အသားဖြူ Lotion တွေလိမ်းရင်တော့ အသားဖြူတာမြန်ပေမယ့် ကြာလာရင် အရေပြားအတွက် မကောင်းပါဘူး။ ဒါကြောင့် Lotion သုံးမယ်ဆိုရင် Moisturizing အသားပေးတဲ့ Lotion တွေပဲသုံးပါ။ ရေကို တစ်နေ့နှစ်ခါချိုးပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် Lotion လိမ်းပေးပါ။ အသားအရေသိသိသာသာကို ကြည်လာပါလိမ့်မယ်။

Photo source: www.freepik.com