ချွေးထွက်မှ နေရထိုင်ရကောင်းပါတယ်။ အပူငုပ်နေမယ်ဆိုရင် သင်ဟာ အချိန်ကြာလာတဲ့အခါ ပေါ့ပါးသွက်လက်မှု မရှိနိုင်တော့ပါဘူး။ ဒါကြောင့် တစ်နေ့ကို လေ့ကျင့်ခန်း နာရီဝက်လောက် ပြုလုပ်သင့်ပါတယ်။ သင်က နာရီဝက် အချိန်မပေးနိုင်ဘူးဆိုရင်တော့ အခု ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။
ချွေးထွက်တယ်ဆိုရင် သင်ရေချိုးတဲ့အချိန်လည်း ပေါ့ပါးပြီး ပျော်ရွှင်နေပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်သူတွေဟာ အဆိုးမြင်စိတ် နည်းလေ့ရှိပါတယ်။ ဒီတော့ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-
Touch Floor Squat
Photo Source: Flab Fix
- ထိုင်ထလေ့ကျင့်ခန်းပါပဲ။
- ထိုင်တဲ့အချိန် မြေကြီးနဲ့ လက်ထိအောင် လုပ်ပေးရပါမယ်။
- ဒါကို ထပ်ခါ ထပ်ခါ လုပ်ရမှာပါ။
Jumping Jacks
Photo Source: Chelsea Charms
- ခြေထောက်ကို ကားပြီး ခုန်တဲ့အချိန် လက်ပါမြှောက်ပြီး ခုန်ပေးရပါမယ်။
- ဒါကို ဆက်တိုက် ခုန်ပေးရပါမယ်။
Split Squat Jumps
Photo Source: Verywell Fit
- ပေါင်နှစ်ဖက်ကို ဘယ်ရှေ့ ညာနောက်ထားကာ ထိုင်ပေးရပါမယ်။
- ဒီလိုထိုင်ပြီးနောက် ပြန်ထတဲ့အချိန် ခုန်ပေးရပါမယ်။
- ဘယ်ညာတစ်လှည့်စီ ခုန်ပေးရပါမယ်။
High Knees
Photo Source: Pinterest
- လက်နှစ်ဖက်ကို ခါးဘေးနှစ်ဖက် ကပ်ထားပေးရပါမယ်။
- ပြီးနောက် ဒူးကို လက်ဆီ နီးတဲ့အထိ ခုန်ပေးရပါမယ်။
Hold Squat
Photo Source: CHEERFIT
- ထိုင်ထလေ့ကျင့်ခန်းလိုပဲ ထိုင်တဲ့အချိန် ပြန်မထတော့ဘဲ ဒီအနေအထားအတိုင်း ဆက်နေပေးရပါမယ်။
ဖော်ပြပါ လေ့ကျင့်ခန်း အားလုံးကို စက္ကန့် ၃၀ ဆီ လုပ်ပေးရပါမယ်။
By MyStyle Myanmar