ဆံပင်အဆီပြန်တဲ့သူတွေက နွေရာသီဆိုရင် ပိုဆိုးပါတယ်။ ရာသီဥတုကပူတာနဲ့ ဆံပင်အဆီပြန်တာနဲ့ရောပြီး ဦးရေပြားယားယံတာ၊ ဆံပင်အဆီပြန်တာတွေ ပိုဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်အဆီပြန်တဲ့သူတွေအတွက် နွေရာသီမှာ ဆံသားကို ဂရုစိုက်ပေးဖို့လိုတဲ့ အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ဆံသားနဲ့ကိုက်ညီတဲ့ Hair Product တွေသုံးပါ

ကိုယ့်ဆံသားက အဆီပြန်တဲ့အတွက် Oily Hair အတွက်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ Conditioner, Hair Mask စတာတွေကို သုံးပေးပါ။ ဒါမှ ဆံပင်အဆီပြန်တာ သက်သာပါမယ်။

Hair Dryer သုံးတာရှောင်ပါ

Hair Dryer သုံးတာက ဦးရေပြားခြောက်သွေ့ပြီး နောက်ဆက်တွဲ အကျိုးသက်ရောက်မှုက ဆံသားနဲ့ဦးရေပြား အဆီပြန်လာတာပါပဲ။ နွေရာသီမှာဆို ပိုဆိုးပါတယ်။ ဒါကြောင့် ဆံပင်အရမ်းအဆီပြန်တဲ့သူတွေက ဖြစ်နိုင်ရင် Hair Dryer မသုံးပါနဲ့။

ခဏခဏခေါင်းမလျှော်ပါနဲ့

ဆံပင်က အဆီပြန်လို့ဆိုပြီး နေ့တိုင်းခေါင်းလျှော်တာ၊ တစ်ရက်ခြားတစ်ခါလောက် ခေါင်းလျှော်တာမျိုးတွေက အဆီပိုပြန်စေပါတယ်။ ဆံသားလည်းပျက်စီးစေပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဆံပင်အဆီပြန်တယ်ဆိုရင်တောင်မှ အနည်းဆုံး ၃ ရက်တစ်ခါထက်တော့ ပိုပြီးမလျှော်ပါနဲ့။

Dry Shampoo သုံးပါ

ဆံပင်အဆီပြန်တဲ့သူတွေက ခဏခဏခေါင်းလျှော်ချင်ကြပါတယ်။ ဒါပေမယ့်လည်း ခဏခဏခေါင်းလျှော်ရင် အပေါ်မှာပြောခဲ့သလိုပဲ ပိုဆိုးလာနိုင်တဲ့အတွက် Dry Shampoo သုံးပါ။ အပြင်သွားစရာရှိရင် Dry Shampoo လေးသုံးလိုက်တော့ ခေါင်းလျှော်စရာမလိုပဲ ဆံသားပုံကျပြီးလှသွားတာပေါ့။

ဆံပင်ကိုခဏခဏမဖြီးပါနဲ့

ဆံပင်ကို အကြိမ်ပေါင်းများစွာ ခဏခဏဖြီးတကြ ဦးရေပြားအဆီထွက်မှုကို လှုံ့ဆော်သလိုဖြစ်ပြီး ဦးရေပြားနဲ့ဆံသားက ပိုပြီးအဆီပြန်လာပါတယ်။ ဒါကြောင့် ခဏခဏ ဆံပင်ဖြီးတာကို ဆင်ခြင်ဖို့လိုပါတယ်။