Friends Series က ကြည့်ဖူးသူတိုင်းရဲ့ ရင်ထဲမှာ ထာဝရ စွဲကျန်ရစ်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီ Series ကြည့်ပြီးနောက် တခြား ပုံစံတူ Series တွေကို မကြည့်နိုင်တော့လောက်အောင် ကောင်းလွန်းပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာ ဒီအချိန်မှာ အသက် ၅၀ ကျော်တွေ ဖြစ်နေကြပါပြီ။ “Friends” Series ထဲမှာ အမိုက်ဆုံး ဝတ်ဆင်နိုင်တဲ့ အမျိုးသမီးဆိုရင် Rachel Green ကို ပြေးမြင်မိမှာပါ။ ခါးသေးသေးလေးနဲ့ Rachel က ဘာဝတ်ဝတ် အမြဲလှနေတတ်ပါတယ်။

Rachel ဆီက သင်လိုက်နာမှတ်သားနိုင်တဲ့ ဖက်ရှင်အတွေးအမြင်တွေ ရှိပါတယ်။ တချို့တွေဆိုရင် Rachel Green လို ဝတ်ကြည့်ပြီး တစ်ပတ်နေကြည့်တယ်ဆိုတဲ့ ဗီဒီယိုတွေတောင် လုပ်တတ်ပါသေးတယ်။ ဒီတော့ Rachel Green ရဲ့ မှတ်သားဖွယ် ဖက်ရှင်အယူအဆတွေကို ကြည့်လိုက်ရအောင်နော်-

၁။ တစ်ရောင်တည်း Monochromatic ဝတ်စုံတွေက အူကြောင်ကြောင်မဖြစ်ဘဲ ပိုထူးခြားပြီး လှသွားတတ်ပါတယ်။

၂။ အညိုနဲ့ အနက်ရောင်ကို တွဲဝတ်နိုင်ပါတယ်။ ပိုပြီးတောင် လှသွားတတ်ပါသေးတယ်။

၃။ ကြိုးတစ်ချောင်း လက်ပြတ်အင်္ကျီ အရှည်တွေက ဘယ်အချိန်ဖြစ်ဖြစ် အမြဲ သစ်လွင် ဆန်းသစ်နေတတ်ပါတယ်။ ခေတ်နောက်ကျသွားတယ်ဆိုတာမျိုး မရှိပါဘူး။

၄။ မလုံမခြုံ ခံစားနေရတယ်ဆိုရင် စကပ်တိုနဲ့ အတူ အနက်ရောင် Stocking ကို ဝတ်ဆင်နိုင်ပါတယ်။

၅။ ဂျင်းအပြာနဲ့ တီရှပ်က ဘယ်တော့မှ မရိုးတဲ့ ဖက်ရှင်ပါ။ သင်က ဦးထုပ်ဆောင်းလေ့ရှိတယ်ဆိုရင် ဦးထုပ်ပါ ဆောင်းနိုင်ပါတယ်။

သင့်အနေနဲ့ ဒီဇာတ်လမ်းထဲမှာ ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar