ကျောအောက်ပိုင်း၊ ခါးနာကျင်ကိုက်ခဲတတ်တဲ့သူတွေနဲ့ အညောင်းမိလို့ ခါးနာတဲ့သူတွေအတွက် နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် အကြောဆန့်လေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

Child’ Pose

ပုံမှာလုပ်ပြထားတဲ့ အနေအထားနှစ်မျိုးကို ဆက်တိုက် ၁ မိနစ်လုပ်ပေးပါ။ လုပ်ရလွယ်ကူပြီး သက်တောင့်သက်သာနဲ့ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ပါတယ်။

Knee-to-chest Stretch

ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး နောက်ခြေထောက်တစ်ဖက်ကိုတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်နဲ့ကိုင်ပြီး ကွေးလိုက် ဆန့်လိုက် လုပ်ပေးရပါမယ်။ စက္ကန့် ၃၀ (သို့) ၁ မိနစ် လုပ်ပေးပါ။ ပြီးရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး အဲ့အတိုင်းပဲ ထပ်လုပ်ပေးပါ။

Seated Spinal Twist

ပုံမှာလုပ်ပြထားတဲ့အတိုင်းထိုင်ပြီး ခါးအပေါ်ပိုင်းကို ဘယ်လှည့်ညာလှည့် လုပ်ပေးရမှာပါ။ ၁၀ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Sphinx Stretch

ခြေထောက်ကိုဆန့်ထားပြီး လက်အနေအထားကိုလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်းပဲထားပြီး ခါးအပေါ်ပိုင်းကို အပေါ်ကြွလိုက်၊ ကြမ်းနဲ့ပြန်ကပ်လိုက် လုပ်ပေးရမှာပါ။ အဲ့အတိုင်း စက္ကန့် ၃၀ မှ ၁ မိနစ်အထိ လုပ်ပေးပါ။

Cat-Cow

နောက်ဆုံးလေ့ကျင့်ခန်းကတော့ Cat-Cow လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့ Cat-Cow လေ့ကျင့်ခန်းအတိုင်း ၁ မိနစ်မှ ၂ မိနစ်အထိ ဆက်တိုက်လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။