သင်က ဝိတ်လျော့နေတဲ့သူလား ? ဝိတ်ကျဖို့ကြိုးစားနေတဲ့သူဆိုရင်တော့ ကြွက်သားနာတာကို သက်သာစေပြီး အဆီတွေကိုလောင်ကျွမ်းစေဖို့အတွက် ဒီ ၅ ချက်ကို နေ့တိုင်း ၁၀ မိနစ်လောက် လုပ်ပေးဖို့ လိုအပ်ပါတယ်။

1. Side lunge

ညာဘက်ခြေထောက်ကို 90 ဒီဂရီ ထောင့်ချိုးထားပြီး ဘယ်ခြေထောက်ကို တတ်နိုင်သမျှ ဆန့်လိုက်ပါ။ 15 သို့ 20 စက္ကန့်ကြာအောင် ဖိထားပြီး နောက်တစ်ဖက်ကိုလည်း ဒီအတိုင်းလုပ်ပေးပါ။ အနည်းဆုံး အကြိမ် ၂၀ လုပ်ပေးပါ။

2. Inner thigh

အရင်ဆုံး ယောဂဖျာပေါ်မှာ ကျောတည့်တည့်ထားပြီး မက်အောင်ထိုင်လိုက်ပါ။ ပြီးရင် ခြေဖဝါးနှစ်ခုကိုထိပြီး ဒူးကို ကြမ်းပြင်နဲ့ထိနိုင်သမျှထိလိုက်ပါ။ ဒါကို အနည်းဆုံး တစ်မိနစ်လောက်လုပ်ပြီး အနည်းဆုံး ငါးကြိမ်လောက် ထပ်လုပ်ပါ။

3. Downward facing dog

အရင်ဆုံး ခန္ဓာကိုယ်ကို ပြောင်းပြန် V ဖြစ်အောင်ကြိုးစားပါ။ ခြေဖနောင့်က ကြမ်းပြင်ကို ကန်ပြီး ခေါင်းကို ခြေထောက်ဆီ ဖိထားပါ။ ဒီကိုယ်ဟန်အနေအထားကို ကြာကြာထိန်းထားလေလေ ကယ်လိုရီများလေလေ လောင်ကျွမ်းလေလေပါ။

4. Sitting side bending

အရင်ဆုံး ယောဂဖျာပေါ်မှာ တင်ပျဥ်ခွေပြီး ထိုင်လိုက်ပါ။ ပြီးရင် ညာလက်ကို မြှောက်ပြီး ဘယ်ဘက်ကို ကွေးပါ။ 10 ၊ 15 စက္ကန့်အထိ ဖိထားပြီး နောက်တစ်ဖက်ကို ဒီအတိုင်း လုပ်ပေးပါ။ တစ်ဖက်ကို အနည်းဆုံး အခါ ၂၀ လုပ်ပေးပါ။

5. Triceps stretches

လက်နှစ်ဘက်ကို အရင်ဆုံး လေထဲမြှောက်လိုက်ပါ။ ပြီးရင် ညာဘက်တံတောင်ဆစ်ကို ကွေးပြီး ဘယ်ဘက်လက်နဲ့ ခေါင်းဆီ ဖြည်းဖြည်းချင်း ဆွဲတင်လိုက်ပါ။ စက္ကန့် 20 လောက်ထားပြီး နောက်တစ်ဖက်ကို လုပ်ပါ။ ဒါကို ငါးကြိမ်ကနေ ခြောက်ကြိမ်လုပ်ပါ။