Workout မလုပ်ခင်မှာ သွေးပူလေ့ကျင့်လုပ်တာ၊ အကြောဆန့်လေ့ကျင့်ခန်း လုပ်တာမျိုးတွေကို အရင်လုပ်ပေးသင့်ပါတယ်။ Gym ဆော့ရင်တော့ trainer နဲ့ သေချာလေ့ကျင့်လို့ရပေမယ့် အိမ်မှာပဲဆော့တဲ့အခါကျတော့ သေချာလိုက်ပြောပြပေးမယ့်သူမရှိပါဘူး။ ဒါကြောင့် workout မလုပ်ခင်မှာ လုပ်ပေးသင့်တဲ့ အကြောဆန့်လေ့ကျင့်ခန်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Leg swing

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကို ဘေးကားလိုက်၊ အရှေ့ထုတ်လိုက်နဲ့ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးရုံပါပဲ။

High knee

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကို မြှောက်လိုက်၊ ပြန်ချလိုက်၊ နောက်ခြေထောက်တစ်ဖက်ကို မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ ဘယ်ပြီးရင်ညာ၊ ညာပြီးရင်ဘယ် ဆက်တိုက် စက္ကန့် ၃၀ လုပ်ပေးရင်ရပါပြီ။

Hip circle

ပုံမှာပြထားတဲ့အတိုင်း တင်ပါးကိုလှည့်ပေးရမှာဖြစ်ပါတယ်။ ဘယ်ဘက်ကစလှည့်မယ်ဆိုရင် ၁၀ ကြိမ်ဆက်တိုက်လှည့်ပြီး အကြိမ်ရေပြည့်ရင် ညာဘက်ကစပြီး ၁၀ ကြိမ်ထပ်လှည့်ရမှာပါ။

Lunges

ဒီလေ့ကျင့်ခန်းကတော့ လွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်က နောက်ကိုဆန့်ထုတ်ပြီး ခြေထောက်တစ်ဖက်က ရှေ့ကိုထုတ်ပြီး ၉၀ ဒီဂရီကွေးထားရမှာပါ။ အဲ့အတိုင်း ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ်လုပ်ပေးရင် ရပါပြီ။

Jumping jacks

ဒီလေ့ကျင့်ခန်းကတော့ ပထမပုံထဲကလိုစနေပြီး ဒုတိယပုံထဲကလို ခြေထောက်နှစ်ဖက်ကိုကား၊ လက်နှစ်ဖက်ကိုလည်း အပေါ်ကိုမြှောက်လိုက်ပြီး တစ်ခါထဲခုန်ရမှာပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေ၊ ပြီးရင် ဒုတိယပုံထဲကလို ပြန်ခုန်နဲ့ ဆက်တိုက် အကြိမ် ၂၀ ခုန်ပေးရမှာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်း ၅ မျိုးလုံး လုပ်ပြီးရင်တော့ ကိုယ်လုပ်ချင်တဲ့ workout တွေကို စလုပ်လို့ရပါပြီ။ ဒီလိုလုပ်ပေးခြင်းက သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး ကြွက်သားတွေလည်း တင်းမာနေတာတွေ လျော့ကျစေကာ workout လုပ်လို့လည်း ပိုကောင်းသွားစေပါတယ်။