ဟန်ချက်ညီပြီး ကိုယ်ဟန်အနေအထားပိုကောင်းလာစေမယ့် Standing Yoga Pose 5 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ Yoga Pose တွေက လက်ပြင်ကုန်းတဲ့သူတွေ၊ ကိုယ်ဟန်အနေအထား မလှတဲ့သူတွေ လုပ်သင့်ပါတယ်။

Standing Prayer Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခါးကိုမတ်မတ်ထားပြီး မတ်တပ်ရပ်ပါ။ လက်ဖဝါးနှစ်ဖက်ကို ရင်ဘတ်ရှေ့မှာစုပြီး လက်အုပ်ချီတဲ့ပုံစံ လုပ်ထားပါ။ ဒီလိုလုပ်နေချိန်မှာ ပခုံးနဲ့တံတောင်ဆစ်ကို ဖြေလျှော့ထားပါ။ အဲ့အတိုင်းနေပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးရမှာပါ။ ဒီ Yoga Pose က ကိုယ်ဟန်အနေအထားနဲ့ အာရုံစူးစိုက်မှုကို တိုးတက်စေပါတယ်။

Mountain Pose

ခြေဖဝါးကိုထောက်ထားပြီး လက်နှစ်ဖက်ကို အပေါ်မြှောက်ကာ ပုံမှာလုပ်ပြထားတဲ့အတိုင်း နေပေးရမှာပါ။ အဲ့အတိုင်းနေပြီး အသက်ရှူသွင်းလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။ ဒီ Yoga Pose က ခြေထောက်တွေကို သန်မာစေပြီး ကျောရိုးကို ဆန့်ထုတ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို အံဝင်ခွင်ကျဖြစ်အောင်၊ ဟန်ချက်ညီအောင် လုပ်ပေးပါတယ်။

Eagle Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဟန်ချက်ညီအောင် သေချာလေးလုပ်ပြီး အသက်ရှူသွင်းရှူထုတ ်ပုံမှန်လုပ်ပေးပါ။ ဒီ Yoga Pose က ပခုံး၊ နောက်ကျောနဲ့ ပေါင်အပေါ်ပိုင်းကို ဟန်ချက်ညီစေပြီး အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်လည်း ပိုမိုပျော့ပြောင်းလာစေပါတယ်။

Hand to Big Toe Pose

ကျောရိုးကို ဖြောင့်ဖြောင့်ထားပြီး ရှေ့ကိုကြည့်ပါ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလေးလုပ်ပေးပါ။ အဲ့အတိုင်းနေတဲ့အချိန်မှာ အသက်ကို ခဏအောင့်ထားပြီး ပြီးမှ အသက်ရှူချလိုက်ပြီး ခြေထောက်အနေအထားကို ဘယ်ညာပြောင်းလုပ်ပါ။ ဒီ Yoga Pose က ခြေထောက်နဲ့တင်ပါး ပျော့ပြောင်းစေပြီး တင်းမာပြီး ညောင်းညာတာတွေ သက်သာစေပါတယ်။ ကိုယ်ဟန်အနေအထားလည်း ပိုကောင်းလာစေပါတယ်။

Raised Arm Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ကျောရိုးကိုဆန့်ပြီး လက်နှစ်ဖက်ကို မြှောက်ထားရင်း အသက်ပြင်းပြင်းရှူပါ။ အပေါ်ကို မော့ကြည့်နေတဲ့ အနေအထားမျိုး လုပ်ပါ။ ဒီ Yoga Pose က ရင်ဘတ်နဲ့အဆုတ်ကို အားကောင်းစေပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ပေးပါတယ်။

&nbsp