ပေါင်တုတ်လို့စိတ်ညစ်နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ပေါင်တံကျစ်လစ်ပြီး လှလာစေမယ့် Squat Exercise 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ နေ့တိုင်း အချိန်နည်းနည်းပေးပြီးတော့ ပုံမှန်လုပ်သွားမယ်ဆိုရင် သိသာတဲ့ Result ကို ရရှိလာမှာပါ။

Squat 1

ခန္ဓာကိုယ်နဲ့ခေါင်းကို နံရံမှာကပ်ထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း ထိုင်ထပုံစံမျိုး လုပ်ပေးရမှာပါ။ ၁၀ ကြိမ်လုပ်ပေးရမှာဖြစ်ပြီး ပုံမှာလုပ်ပြထားတဲ့ အနေအထားနဲ့ ၅ စက္ကန့်လောက် နေပြီးတော့မှ ပြန်ထပါ။

Squat 2

ဒီ Squat Exercise ကျတော့ ပထမပုံထဲကလို အနေအထားနဲ့စနေပြီး ဒုတိယပုံထဲကလို လက်ကိုအပေါ်ဆန့်နေအောင်မြှောက်ပြီး ခုန်ရမှာပါ။ အဲ့အတိုင်း ၁၅ ကြိမ် လုပ်ပေးရမှာ ဖြစ်ပါတယ်။

Squat 3

အလေးတုံး (သို့) နည်းနည်းလေးတဲ့အရာ တစ်ခုခုကိုကိုင်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း Squat ထိုင်ပေးရမှာ ဖြစ်ပါတယ်။ ထိုင်ချတဲ့အခါမှာ ၃ စက္ကန့်လောက်နေပြီးမှ ပြန်ထပါ။ အဲ့အတိုင်း ထိုင်လိုက်ထလိုက်နဲ့ ၁၀ ကြိမ် အနည်းဆုံးလုပ်ပေးပါ။

Squat 4

ခြေထောက်ကို ပုံမှာလုပ်ပြထားသလို သေချာကားပြီး လက်ကိုလည်း ပုံထဲကအတိုင်း ထားပေးပါ။ အဲ့အတိုင်းထိုင်လိုက်၊ ထလိုက်နဲ့ ၁၅ ကြိမ်လုပ်ပေးရင် ရပါပြီ။

Squat 5

ဒီ Squat Exercise ကျတော့ ခြေထောက်နှစ်ဖက်ကို ကားထားပြီး ခြေချောင်းလေးတွေက အပြင်ကိုလှည့်ထားရပါမယ်။ အဲ့ပုံစံအတိုင်း ထိုင်လိုက်ထလိုက်နဲ့ ပုံမှာလုပ်ပြထားသလို သေချာလေးလုပ်ပေးပါ။ အနေအထားမှန်ဖို့က အရေးကြီးပါတယ်။ ထိုင်ပြီး ချက်ချင်းထတာမျိုး မလုပ်ပဲ ၃ စက္ကန့်လောက် ထိုင်နေပြီးတော့မှ ထပေးပါ။ လုပ်ပေးရမယ့် အကြိမ်ရေကတော့ အနည်းဆုံး အကြိမ် ၂၀ လုပ်ပေးပါ။