တစ်ခါတလေ Social Media က ကိုယ်အသုံးပြုပုံပေါ် မူတည်ပြီး ကိုယ့်အချစ်ရေးကိုပါ ဝင်ရောက်နှောင့်ယှက်တတ်ပါတယ်။ ဒီ Social Media ပေါ်က မြင်နေရတဲ့ ပုံရိပ်တွေ၊ သင်ကိုယ်တိုင် တင်နေမိတဲ့ သင့်ချစ်သူကို စိတ်ညစ်စေတဲ့ အရာတွေက သင့်အချစ်ရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ သင့်ချစ်သူနဲ့ အဆင်ပြေဖို့ Social media ပေါ်မှာ ဒါတွေ လုပ်တာကို ရှောင်သင့်ပါတယ်။

၁။ လိုတာထက် ပို Share နေတာ

လူအများစုက သင် Share တာကို သဘောကျပေမယ့် သင်က လိုတာထက်ကို ပို Share နေတယ်ဆိုရင်တော့ တချို့လူတွေက ဒါကို မကြိုက်တတ်ကြပါဘူး။ သင် Share တဲ့အထဲ အချစ်ရေးနဲ့ ပတ်သက်တာ ပါရင် ပိုသတိထားသင့်ပါတယ်။ သင့်ချစ်သူကို ရွဲ့စောင်းပြီး Share လိုက်တဲ့ Post က သင့်ချစ်သူကိုပါ စိတ်အနှောင့်အယှက် ပေးတတ်ပါတယ်။

၂။ အရင်ရည်းစားဟောင်းနဲ့ Social Media ပေါ်မှာ အဆက်အသွယ် ရှိသေးတာ

သင်က သင့်ရည်းစားဟောင်းနဲ့ Friend တွေ ဖြစ်တုန်းဆိုရင် သူတို့ ပုံတွေက သင့်ဆီမှာ ပေါ်လာတတ်မှာပါ။ ဒီလို ပေါ်လာရင် သင့်အနေနဲ့ တကယ် သဘောရိုးနဲ့လား၊ မမေ့နိုင်သေးလို့လား စတာတွေကို အရင်သုံးသပ်သင့်ပါတယ်။ သင်က လုံးဝမပတ်သက်တော့ရင် သင့် Ex ရဲ့ Post မှာ Comment တောင် မပေးသင့်တော့ပါဘူး။

၃။ Social Media ပေါ်မှာပဲ နေတာ

သင်က ချစ်သူနဲ့ တွေ့တဲ့အချိန်မှာတောင် ဖုန်းသုံးတာ မရပ်ဘူးဆိုရင် သင့်ချစ်သူက စိတ်ဆိုးအားငယ်သွားနိုင်ပါတယ်။ အတူတူ ရှိနေတဲ့ အချိန်မှာ ဖုန်းတွေကို ခဏခေါက်ထားပြီး အချင်းချင်းပဲ အာရုံစိုက်သင့်ပါတယ်။

၄။ အထင်အမြင်လွဲမှားတာ

Social Media ပေါ်က အရာတွေကိုပဲ မြင်ပြီး သင့်ချစ်သူကို အထင်သေးတတ်သူဆိုရင် သတိထားသင့်ပါတယ်။ အမြဲ သူ့အကြောင်းကို Social Media ပေါ်မှာ ကြည့်တာထက် အချင်းချင်း ပွင့်ပွင့်လင်းလင်းပဲ မေးသင့်ပါတယ်။

၅။ Social Media ပေါ်မှာ မဟုတ်တာကို တင်တာ

အပြင်မှာ အဆင်မပြေပေမယ့် Social media ပေါ်မှာ အဆင်ပြေချင်ယောင်ဆောင်မယ်ဆိုရင်တော့ သင့်အနေနဲ့ မဟုတ်တာကို အဟုတ်လုပ်ရင်း ဖိအားများလာပါလိမ့်မယ်။ ဒါ့အပြင် သင့်ချစ်သူကိုပါ ဖိအား ပေးရာ ရောက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar