Stress တွေကို ကောင်းမွန်စွာထိန်းချုပ်နိုင်ဖို့က ဘယ်သူ့အကူအညီမှမလိုပါဘူး။ ကိုယ်တိုင်ပဲ ကောင်းမွန်စွာကိုင်တွယ်ပြီး ထိန်းချုပ်လို့ရပါတယ်။ ဒါကြောင့် Stress တွေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်ကိုချစ်တဲ့သူတွေနဲ့နေပါ

ကိုယ်ချစ်တဲ့သူနားမှာ နေမယ်ဆိုရင်တောင် သူက ကိုယ့်ကိုယ်မချစ်ရင် ပိုတောင် Stress ရသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုချစ်တဲ့သူတွေနဲ့နေတာက ကိုယ့်အတွက် စိတ်သက်သာရာပိုရပြီး Stress တွေလျော့ကျစေပါတယ်။

လမ်းလျှောက်ပါ

တစ်ယောက်ထဲ လမ်းလျှောက်ထွက်ပါ။ သီချင်းနားထောင်ရင်း အေးဆေးလမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ပြေးတာပဲဖြစ်ဖြစ် လုပ်ခြင်းက Stress တွေကို ထိန်းချုပ်နိုင်ပါတယ်။

အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးပါ

အိမ်မွေးတိရိစ္ဆာန်လေးတွေ အထူးသဖြင့် ခွေးလေး ကြောင်လေးတွေက အဖော်ရပါတယ်။ သူတို့လေးတွေကြောင့် စိတ်ပျော်ရွှင်မှုရပါတယ်။ Stress တွေများနေချိန်၊ အထီးကျန်နေချိန် သူတို့လေးတွေနဲ့ အချိန်ကုန်ဆုံးလိုက်ရင် စိတ်သက်သာရာရပါတယ်။

ခရီးထွက်ပါ

Stress တွေပျောက်ဖို့ Stress တွေကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးကတော့ ခရီးထွက်တာပါပဲ။ စိတ်ပြေတဲ့အထိ ခရီးထွက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

တရားထိုင်၊ ယောဂကျင့်ပါ

တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေကလည်း စိတ်တည်ငြိမ်ပြီး Stress တွေကို တော်တော်ထိန်းချုပ်နိုင်ပါတယ်။

Photo Source: www.freepik.com