Dry skin တွေအတွက် အသားခြောက်တာ သက်သာစေမယ့် နည်းလမ်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။ အသားခြောက်ရင် အသားအရေ ကြမ်းတမ်းသလိုဖြစ်ပြီး မိတ်ကပ်လိမ်းရတာလည်း အဆင်မပြေ၊ အသားအရေကလည်း မွဲခြောက်ခြောက်လိုမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အသားခြောက်တာကို သက်သာအောင်လုပ်ဖို့ လိုပါတယ်။

ရေနွေးနဲ့ရေချိုးခြင်းကိုရှောင်ပါ

ရေနွေးနဲ့ရေချိုးတာက အသားပိုခြောက်စေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ရေနွေးနဲ့ရေချိုးခြင်းကို ရှောင်ပါ။ ဆပ်ပြာသုံးတဲ့အခါမှာလည်း moisture ပေးနိုင်တဲ့ ဆပ်ပြာမျိုးကိုသာ ရွေးသုံးပါ။

Moisturizing

အသားခြောက်တဲ့သူတွေက moisturizer နိုင်နိုင်လိမ်းဖို့လိုပါတယ်။ Cream type moisturizer တွေနဲ့ဆို ပိုပြီးအဆင်ပြေပါလိမ့်မယ်။ မနက်ကို toner, moisturizer, sunscreen လိမ်းပြီး ညဘက်ဆိုရင် toner, serum, moisturizer လိမ်းပေးသင့်ပါတယ်။ တစ်ပတ် ၂ ကြိမ် sheet mask တွေ ကပ်ပေးသင့်ပါတယ်။

Body အတွက်ဆိုလည်း အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ lotion မျိုးကို ရွေးသုံးပါ။ တစ်နေ့ ၂ ကြိမ် လိမ်းပါ။

Oatmeal

Oatmeal က အသားအရေအတွက် moisture ကောင်းကောင်းပေးနိုင်ပြီး အသားအရေ နူးညံ့စေပါတယ်။ ဒါကြောင့် အသားခြောက်တဲ့သူတွေအနေနဲ့ oatmeal နဲ့လုပ်ထားတဲ့ scrub, lotion စတာတွေကို သုံးပေးပါ။

Supplements, Hydration

အသားအရမ်းခြောက်တယ်၊ အသားခြောက်တာ သိသိသာသာ သက်သာပြီး အသားအရေစိုပြည်ချင်တယ်ဆိုရင် ရေများများသောက်ပါ။ ရေများများသောက်မှ hydration ပြည့်ဝပြီး အသားအရေ စိုပြည်လာပါမယ်။ ဒါ့အပြင် ဖြစ်နိုင်ရင် supplements တစ်ခုခု omega-3 or vitamin E သောက်ပေးပါ။

အစားအသောက်

အသားခြောက်တဲ့သူတွေက antioxidants နဲ့ omega-3 fatty acids ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးပါ။ အသီးအရွက်၊ အသီးအနှံ၊ သဘာဝသစ်သီးဖျော်ရည် စတာတွေကို များများစားသောက်ပေးပါ။ အသားအရေ သိသိသာသာ စိုပြည်လာပါလိမ့်မယ်။