ဆောင်းရာသီရောက်လာရင် မဖြစ်မနေကြုံတွေ့ရမယ့် အသားအရေနဲ့ အလှအပဆိုင်ရာပြဿနာ ၅ ခု ရှိပါတယ်။ ဒီပြဿနာတွေက ဘာတွေလဲ၊ ဒီပြဿနာတွေကို ဘယ်လိုဂရုစိုက်ပေးရင် ရမလဲဆိုတာတွေကိုပါ ပြောပြပေးလိုက်ပါတယ်။

နှုတ်ခမ်းကွဲခြင်း

ဆောင်းဝင်လာတာနဲ့ ပထမဆုံးစဖြစ်မယ့် ပြဿနာကတော့ နှုတ်ခမ်းကွဲတာပါပဲ။ ဒါကြောင့် မဖြစ်မနေ Lip Balm or Lip Mask လိမ်းပြီးအိပ်ပေးရပါမယ်။ ကိုယ်က နှုတ်ခမ်းမကွဲသေးလည်း ညတိုင်းသာလိမ်းပါ။ နှုတ်ခမ်းမကွဲအောင်၊ မခြောက်အောင် ကာကွယ်ပြီးသားဖြစ်သလို နှုတ်ခမ်းသားလည်း ပိုလှပါတယ်။

မျက်နှာအသားခြောက်ခြင်း

ဆောင်းတွင်းရောက်ပြီဆိုရင် ပုံမှန်လိမ်းနေကျအတိုင်း Skincare လိမ်းတာတောင်မှ မျက်နှာအသားအရေက မွဲခြောက်ခြောက်နဲ့ တင်းတင်းကြီး ဖြစ်လာပါတယ်။ ဒါကြောင့် Hydrating ကောင်းတဲ့ Skincare တွေ ပြောင်းသုံးပါ။ Serum လိမ်းပေးပါ။ အသားခြောက်ရင် မျက်လုံးနားတစ်ဝိုက်လည်း ခြောက်သွေ့တာကြောင့် Eyecream လိမ်းဖို့လည်း မမေ့ပါနဲ့။

အသားပတ်ခြင်း

ဆောင်းတွင်းရောက်ပြီဆိုရင် လက်တွေ၊ ခြေထောက်တွေက အသားခြောက်ရုံတင်မဟုတ်ပဲ အသားပတ်သလိုတွေပါ ဖြစ်လာပါတယ်။ ပွတ်ကြည့်လိုက်ရင် ကြမ်းကြမ်းကြီးဖြစ်နေတာမျိုးလည်း အရမ်းဖြစ်ပါတယ်။ ဒါကြောင့် Body Lotion လိမ်းတဲ့အခါမှာ Hydration ကောင်းတဲ့ Body Lotion နဲ့ Body Oil or Baby Oil ကို ရောလိမ်းပေးပါ။ အရင်ထဲက အသားခြောက်တဲ့သူတွေဆိုရင် Body Butter ပြောင်းသုံးပါ။

နေရောင်ခြည်ဒဏ်ကြောင့်အသားအရေပျက်စီးခြင်း

ဆောင်းရာသီနဲ့ နွေရာသီက နေရောင်ခြည်ပြင်းတာကြောင့် Sunscreen မလိမ်းပဲ အပြင်သွားရင် အသားအရေ ထိခိုက်ပျက်စီးစေပါတယ်။ ဆောင်းရာသီဆို အေးတော့ နေပူထဲထွက်ကြတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် မဖြစ်မနေ Sunscreen လိမ်းဖို့လိုပါတယ်။

ခြေဖနောင့်ကွဲခြင်း

ဆောင်းရာသီမှာ ခြေဖနောင့်အက်ကွဲပြီး ကြမ်းတာမျိုးတွေလည်း အရမ်းဖြစ်ပါတယ်။ ဒါကြောင့် Foot Cream ကို ညအိပ်ယာဝင်ခါနီးတိုင်း လိမ်းပေးပါ။ ခြေထောက်ကို ပုံမှန် Scrub လုပ်ပေးပါ။ အသားမာတိုက်တာမျိုး၊ ခြေထောက်တိုက်တာမျိုး ပုံမှန်လုပ်ပေးပါ။