အခုခေတ်မှာ အကုန်လုံးက မိတ်ကပ်လိမ်းတာပါပဲ။ ဒါပေမယ့် နေ့တိုင်း မိတ်ကပ်တွေ အများကြီးလိမ်းနေတာမျိုးကျတော့ ကြာလာရင် အသားအရေ ထိခိုက်လာနိုင်ပါတယ်။ အနည်းဆုံး တစ်ပတ်တစ်ရက်၊ နှစ်ရက်လောက်တော့ မိတ်ကပ်မလိမ်းပဲ နေသင့်ပါတယ်။ များသောအားဖြင့်တော့ နေ့တိုင်းမိတ်ကပ်လိမ်းတဲ့အခါမှာ ဒီအသားအရေပြဿနာ ၅ မျိုး ဖြစ်လာနိုင်ပါတယ်။

အသားအရေပျက်စီးခြင်း

မိတ်ကပ်နေ့တိုင်းလိမ်းရင် အဓိကဖြစ်လာမှာကတော့ အသားအရေပျက်စီးတာပါပဲ။ မိတ်ကပ်လိမ်းပြီးရင် မျက်နှာတန်းသစ်တာမျိုးမလုပ်ပဲ Makeup Remover နဲ့ဖျက်ပြီးမှ မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ။ တစ်ပတ်တစ်ခါ Exfoliate လုပ်ပေးဖို့လည်း မမေ့ပါနဲ့။

အသားအရေညစ်လာခြင်း

မိတ်ကပ်လိမ်းတာများရင် Skincare သေချာပြန်လုပ်ပေးမှပါ။ မိတ်ကပ်တွေလိမ်းပြီး Remover နဲ့လည်း မဖျက်ဘူး၊ Double Cleansing လည်းမလုပ်ဘူးဆိုရင် အသားအရေက သိသိသာသာကို ညစ်လာမှာပါ။

အရေးအကြောင်းတွေမြန်မြန်ဖြစ်ခြင်း

မိတ်ကပ်အမြဲလိမ်းရင် အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်ဖြစ်စေပါတယ်။ Matte Type Foundation တွေလိမ်းရင် ပိုဆိုးပါတယ်။ အရမ်းဆွဲရတဲ့အတွက် ပါးရေတွန့်တာနဲ့ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာပါတယ်။

ချွေးပေါက်ပိတ်ခြင်း

မိတ်ကပ်အမြဲလိမ်းပြီး သေချာမဖျက်တာ၊ မိတ်ကပ်အထူကြီးတွေ လိမ်းတာတွေကြောင့် ချွေးပေါက်တွေပိတ်စေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ ပုံမှန် Exfoliate လုပ်ပေးသင့်တာပါ။

ဝက်ခြံနဲ့အဆီဖုထွက်ခြင်း

နေ့တိုင်းမိတ်ကပ်လိမ်းတဲ့အခါ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာမှာပါ။ ဝက်ခြံအဆီဖုထွက်တာကို မိတ်ကပ်တွေအများကြီး နေ့တိုင်းထပ်ထပ်လိမ်းနေရင် အသားအရေက ပိုပြီးပျက်စီးလာမှာပါ။ ဒါကြောင့် မိတ်ကပ်က နေ့တိုင်းလိမ်းတာ လုံးဝမကောင်းပါဘူး။ လိမ်းပြီဆိုလည်း သေချာ Cleansing လုပ်ပေးဖို့ လိုပါတယ်။