ပြတ်သွားလည်း ex တွေကို တကူးတက block နေစရာမလိုပါဘူး။ ဒါပေမယ့်လည်း ဒီလိုအခြေအနေ ၅ ခုနဲ့ ကြုံတွေ့လာရရင်တော့ အဲ့ဒီ ex ကို social media နဲ့ တခြားဆက်သွယ်လို့ရတဲ့ နေရာအစုံကနေကို block လိုက်သင့်ပါတယ်။ ဒါမှ သင့်အတွက်ပိုအဆင်ပြေပြီး ပိုစိတ်ချမ်းသာရမှာပါ။

EX ဆီမှနှောင့်ယှက်ခံနေရတဲ့အခြေအနေ

 

ပြတ်သွားပြီးလည်း ex ဆီက လိုက်နှောက်ယှက်တာ ခံနေရတဲ့အခါ၊ ex က ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်ရင် သူဆက်သွယ်လို့ရမယ့် နေရာအစုံကနေသာ block လိုက်ပါ။ ဒါမှ သင်စိတ်ချမ်းသာရမှာပါ။

ပြန်လာဆက်သွယ်တာမျိုးမလိုချင်တဲ့အခြေအနေ

Ex က ကိုယ့်ဆီပြန်လာတာမျိုး လုံးဝမလိုချင်ဘူး၊ သူနဲ့ ပြန်မပတ်သက်ချင်ဘူးဆိုရင်လည်း block လိုက်ပါ။ မ block ထားရင် သင့်ကို အချိန်မရွေး အလွယ်တကူ ဆက်သွယ်လို့ရနေမှာပါ။

မမေ့နိုင်ပဲခဏခဏဝင်ကြည့်နေမိတဲ့အခြေအနေ

ပြတ်သွားပြီးရင် move on လုပ်ရမှာ မှန်ပေမယ့်လည်း ကိုယ်က move on မလုပ်နိုင်တဲ့အခါ၊ ခဏခဏ သူ့ account ထဲ ဝင်ကြည့်နေမိတဲ့အခါမှာတော့ block လိုက်တာ ပိုကောင်းပါတယ်။ မဟုတ်ရင် သတိရတိုင်းဝင်ကြည့်နေတာနဲ့ပဲ move on လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

အရမ်းမုန်းပြီးနာကျင်နေတဲ့အခြေအနေ

Ex က ကိုယ့်ကိုနာကျင်ခံစားရအောင်လုပ်ခဲ့လို့ အရမ်းမုန်းပြီး နာကျင်နေတဲ့ အခြေအနေမျိုးမှာလည်း block ထားလိုက်ပါ။ လူတစ်ယောက်ကို အရမ်းမုန်းသွားရင် သူ့မျက်နှာ၊ သူနဲ့ပတ်သက်တာတွေကို မြင်ရရင် ပိုစိတ်တိုပြီး ဒေါသထွက်ရပါတယ်။ ဒါကြောင့် block ထားလိုက်တာ အကောင်းဆုံးပါပဲ။

စိတ်ခံစားလွယ်လွန်းတဲ့အခြေအနေ

ကိုယ်က အရမ်းကို စိတ်ခံစားလွယ်တဲ့သူဆိုရင် စပြတ်ထဲကသာ block ထားလိုက်ပါ။ စိတ်ခံစားလွယ်တဲ့သူတွေက သူနဲ့ပတ်သက်သမျှ ဘာမြင်မြင်ကို အလွယ်တကူခံစားရတတ်ပါတယ်။ ဒါကြောင့် စိတ်ချမ်းသာချင်ရင် ex နဲ့ပတ်သက်တာ ဘာမှမသိတော့အောင် ရှိသမျှနေရာအကုန်လုံးကနေသာ block ထားလိုက်ပါ။
အရမ်းစိတ်ခံစားလွယ်တဲ့သူတွေက တစ်ခုခုကို သူများပိုဝမ်းနည်းတတ်တယ်၊ စိတ်မကောင်းဖြစ်ပြီး တစ်ချိန်လုံးတွေးနေတတ်တယ်၊ စိတ်တိုဒေါသထွက်ရင်လည်း တစ်နုတ်နုတ်နဲ့ သူများထက်ပိုဆိုးတာကြောင့် ကိုယ့်စိတ်ကိုမနိုင်ရင် block ထားလိုက်ပါ။