လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်မလုပ်ချင်ဘူး၊ သိပ်ပြီးလည်း အပင်ပန်းမခံချင်ဘူး၊ ပုံမှန်လေးပဲ လေ့ကျင့်ခန်းလုပ်ချင်တဲ့သူတွေအတွက် တစ်လအတွင်းမှာ ခန္ဓာကိုယ်အချိုးအစားပြောင်းလဲသွားစေမယ့် အလွယ်ကူဆုံးလေ့ကျင့်ခန်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၅ မျိုးထဲလုပ်ရမှာဖြစ်တဲ့အပြင် လွယ်လည်းလွယ်တဲ့အတွက် နေ့တိုင်းတော့ လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း အနည်းဆုံး ၁ မိနစ်ရအောင် နေပေးပါ။ စလုပ်လုပ်ချင်းမှာ ၁ မိနစ်လုပ်ပြီး နောက်ကျရင် တစ်ဖြေးဖြေးနဲ့ ၂ မိနစ်၊ ၃ မိနစ်ရအောင် နေကြည့်ပါ။ အများဆုံး ၃ မိနစ်ပေါ့။ ဒီလိုနေတာက ဗိုက်အဆီတွေ တော်တော်ကိုကျစေပါတယ်။ တစ်ပတ်လောက်လုပ်တာနဲ့ကို ဗိုက်ချပ်တာ သိသာပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ဒိုက်ထိုးသလိုမျိုးလုပ်ပေးရမှာပါ။ အကြိမ် ၂၀ လောက်လုပ်ပေးရင် ရပါပြီ။

ပုံမှာပြထားတဲ့အနေအထားနဲ့ ထိုင်ထလုပ်ရမှာပါ။ အောက်ထိမထိုင်ချပဲ တစ်ဝက်ထိုင်ပဲလုပ်ရမှာပါ။ လက်ကိုလည်း ပုံမှာပြထားသလိုလုပ်ထားပါ။ ဒါကိုတော့ ၂ မိနစ်ရအောင် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့်အနည်းငယ်နေပါ။ ပြီးရင် ခြေထောက်ပြန်ချပြီး ထပ်လုပ်ပါ။ ဘယ် ညာ တစ်လှည့်စီ ပြောင်းလုပ်ပါ။ တစ်ဖက်ကို အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးပါ။

ပထမပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်လုပ်၊ ဒုတိယပုံထဲကလို ပြန်လုပ်နဲ့ အနည်းဆုံး ၁ မိနစ်ရအောင်လုပ်ပါ။ အများဆုံးကတော့ ၃ မိနစ်ပါ။ ခြေဖဝါး၊ ခေါင်း၊ ကျောနဲ့ လက်က ကြမ်းနဲ့ကပ်ထားရပါမယ်။

Source: www.brightside.me