မျက်ကွင်းညိုမှ သက်သာပျောက်ကင်းအောင် လုပ်တာထက်စာရင် မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်တာက ပိုကောင်းပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မျက်ကွင်းမညိုအောင် ကြိုတင်ကာကွယ်နိုင်မယ့် ရိုးရှင်းသောနည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Sunscreen လိမ်းပါ

Sunscreen မလိမ်းရင် နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးပြီး တင်းတိတ်နဲ့ အမဲစက်တွေ ထွက်လာသလို မျက်ကွင်းညိုတာတွေလည်း ပိုဖြစ်လာစေပါတယ်။ ဒါကြောင့် နေ့ဘက်တွေမှာ Sunscreen လိမ်းဖို့ မမေ့ပါနဲ့။ နေအရမ်းပြင်းတဲ့အခါ အပြင်သွားရင် နေကာမျက်မှန်တပ်တာမျိုးလည်း ရပါတယ်။

Eye Cream လိမ်းပါ

မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ Eye Cream လိမ်းတာပါပဲ။ ဆယ်ကျော်သက်အရွယ်ထဲက Eye Cream ကောင်းကောင်းလေး သုံးပေးပါ။

ရေများများသောက်ပါ

အသားအရေက Hydration ပြည့်ဝမှုမရှိရင်လည်း ခြောက်သွေ့ပြီး မျက်ကွင်းညိုတာ၊ အသားအရေမွဲညစ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ အသီးအရွက် အသီးအနှံတွေ များများစားပါ။

အိပ်ရေးမပျက်ပါစေနဲ့

အိပ်ရေးပျက်တာတွေများရင် အိပ်ချိန်တွေမမှန်ရင်လည်း မျက်ကွင်းညိုစေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပါ။ စောစောအိပ်ပါ။ အရမ်းညမိုးချုပ်တဲ့အထိ မအိပ်ပဲနေတာမျိုးတွေ မလုပ်ပါနဲ့။

Screen Time လျှော့ပါ

Screen Time များရင်လည်း မျက်ကွင်းညိုစေပါတယ်။ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေ လွယ်လွယ်ဖြစ်လာစေပါတယ်။ ကိုယ်က Eye Cream လည်းလိမ်းတယ်၊ Skincare လည်းသေချာလိမ်းနေရက်နဲ့ မျက်ကွင်းညိုနေတုန်းပဲဆိုရင် အိပ်ချိန်တွေမှန်ရဲ့လား၊ အိပ်ရေးပျက်တာတွေများနေလား၊ ဖုန်းသုံးတာတွေ Screen Time တွေ များနေလားဆိုတာကို ပြန်စစ်ဆေးကြည့်ပါ။ ပြီးရင် Screen Time လျှော့ပြီး စောစောအိပ်ပါ။