ဝိတ်ချပြီးတဲ့နောက်ပိုင်းမှာ အရင်ထက်ဝိတ်အရမ်းကျသွားရင် အသားအရေက လျော့တွဲကျတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဝိတ်ချပြီးတဲ့နောက်ပိုင်းမှာလည်း အသားအရေပြန်လည်တင်းရင်းလာစေဖို့ ကူညီပေးမယ့် ရိုးရှင်းသောနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Retinoids လိမ်းပါ

အသားအရေပြန်လည်တင်းရင်းပြီး နုပျိုလာစေဖို့အတွက် retinoid cream တွေကို လိမ်းပေးလို့ရပါတယ်။ လိမ်းလိုက်မလိမ်းလိုက်နဲ့ဆိုရင်တော့ သိသာတဲ့ result ကို ရမှာမဟုတ်ပါဘူး။ အဓိကကတော့ တစ်ခုခုလုပ်မယ်ဆိုရင် ဇွဲရှိရှိနဲ့ သေချာလေး ပုံမှန်လုပ်ပေးဖို့ပါပဲ။

လမ်းလျှောက်ပါ (သို့) လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့ကို မိနစ် ၂၀ လောက် လမ်းလျှောက်တာမျိုး ဒါမှမဟုတ်လည်း အသားအရေ ပြန်လည်ကျစ်လစ်စေမယ့် လေ့ကျင့်ခန်းတွေလုပ်တာမျိုး ပုံမှန်လုပ်ပေးပါ။ နေ့တိုင်းလုပ်ပေးရင် ပိုပြီး result ကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိရင်၊ မလုပ်နိုင်ရင်တောင်မှ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတော့ လုပ်ပေးပါ။

Almond Oil နဲ့ Massage လုပ်ပေးပါ

အသားအရေ လျော့တွဲကျနေတဲ့နေရာတွေကို almond oil နဲ့ massage လုပ်ပြီး နှိပ်နယ်ပေးပါ။ အသားအရေကို အပေါ်ပင့်တင်ပြီး လိမ်းပေးပါ။ စက်ဝိုင်းပုံစံလေးလိမ်းပြီး နှိပ်နယ်ပေးပါ။ မိနစ် ၂၀ လောက် နေ့တိုင်းပုံမှန်လုပ်ပေးရင် အသားအရေက ပြန်လည်တင်းရင်းလာစေပါတယ်။

Protein ဓာတ်လုံလောက်အောင်စားသောက်ပါ

Protein ဓာတ်လုံလောက်အောင် စားသောက်ပေးရင် အသားအရေကျစ်လစ်စေပါတယ်။ ခန္ဓာကိုယ်က protein ဓာတ်မလုံလောက်ရင်လည်း အသားအရေလျော့တွဲကျတာမျိုးတွေ ဖြစ်ပါတယ်။

Coffee Scrub လုပ်ပေးပါ

တစ်ပတ်တစ်ခါ (သို့) တစ်ပတ် ၂ ခါလောက် ပုံမှန် body scrub လုပ်ပေးခြင်းက အသားအရေအတွက် အရမ်းကောင်းပါတယ်။ ကိုယ်နှစ်သက်ရာ scrub မျိုးကို ရွေးလုပ်လို့ရပေမယ့် အသားအရေ လျော့တွဲကျနေတဲ့သူတွေအတွက်ကျတော့ coffee scrub က ပိုကောင်းပါတယ်။ အကြောပျက်ရာတွေပါ လျော့ပါးသွားစေဖို့ ကူညီပေးပါတယ်။