အဆီပြန်တဲ့သူတွေက foundation လိမ်းထားရင် ကြာရှည်မခံပဲ ပျက်ကုန်တာများပါတယ်။ ဒါကြောင့် အဆီပြန်တဲ့သူတွေအတွက် foundation လိမ်းထားတာ တစ်နေကုန်ကြာရှည်ခံစေမယ့် ရိုးရှင်းသောနည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Oil Control Primer သုံးပါ

မိတ်ကပ်သားကြာရှည်ခံစေဖို့၊ မိတ်ကပ်သားမကွက်စေဖို့အတွက် primer သုံးကြပါတယ်။ အဆီပြန်တဲ့ oily skin တွေဆိုရင်တော့ oil control primer ကိုသုံးပေးပါ။ မိတ်ကပ်သားနဲ့ လိမ်းထားတဲ့ foundation ကို တစ်နေကုန်ကြာရှည်ခံစေပါတယ်။

Lightweight & Hydrating Foundation ရွေးပါ

တော်တော်များများက အဆီပြန်ရင် foundation ကို coverage ကောင်းတာတွေ ရွေးဝယ်ပြီး ထူထူလိမ်းတတ်ကြပါတယ်။ ဒီလိုလိမ်းလိုက်ရင် အသားအရေခြောက်သွားပြီး မိတ်ကပ်က cakey ဖြစ်ကာ ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် lightweight ဖြစ်တဲ့ hydrating foundation မျိုးကို ရွေးချယ်ပါ။

Cover လုပ်ချင်တဲ့နေရာကို Foundation နဲ့ဖုံးပါ

အမဲစက်နဲ့ ဝက်ခြံတွေ၊ ကိုယ် cover လုပ်ချင်တဲ့နေရာကို concealer မသုံးပဲ foundation နဲ့ပဲ ဖုံးပေးပါ။ Concealer brush နဲ့ foundation ကိုယူပြီး သေချာဖုံးပေးပါ။

Loose Powder သုံးပါ

အဆီပြန်ရင် foundation လိမ်းပြီးတိုင်းမှာ loose powder သုံးပေးရပါမယ်။ Loose powder သုံးတဲ့အခါမှာလည်း brush နဲ့မသုံးပဲ press နဲ့ သေချာလေးဖိဖိပြီး သိပ်သိပ်လေးဖြစ်အောင် လိမ်းပေးပါ။

ဆီစုပ်စက္ကူဆောင်ထားပါ

မျက်နှာကအဆီပြန်လာရင် သုတ်ဖို့အတွက် ဆီစုပ်စက္ကူကိုဆောင်ထားပါ။ ဒီတိုင်းသုတ်ချလိုက်ရင် မိတ်ကပ်တွေ ပျက်ကုန်တဲ့အတွက် ဆီစုပ်စက္ကူသုံးတာက ပိုအဆင်ပြေပါတယ်။