ဆံပင်ပါးလို့ အုံထူချင်တဲ့ မိန်းကလေးတွေအတွက် ကြည့်လိုက်တာနဲ့ ဆံပင်အုံထူသလိုဖြစ်နေစေမယ့် simple hair tips 5 ခုကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်အုံထူချင်တဲ့သူတွေအတွက်တော့ ဒီ tips လေးတွေက အသုံးဝင်မှာပါ။

Volumizing shampoos & conditioners

Volumizing shampoos & conditioners ကို သုံးပေးရင်လည်း ခေါင်းလျှော်ပြီးရင် ဆံပင်ကအုံထူသလိုမျိုး ဖြစ်စေပါတယ်။ ဆံပင်ပါးပြီး ကပ်တဲ့သူတွေဆို ပိုသုံးသင့်ပါတယ်။

Waves or Curls

ဆံပင်ကို Waves or Curls လေးတွေလုပ်ပေးတာကလည်း ဆံပင်ပိုပြီးအုံထူသလို ဖြစ်သွားစေပါတယ်။ အပြီးမကောက်ချင်ရင် အပြင်သွားစရာရှိမှ ပုံသွင်းတာမျိုး လုပ်လို့ရပါတယ်။ ဆံပင်က အရမ်းကပ်ပြီးပါးတာမျိုးဆိုရင်တော့ အပြီးကောက်ထားတာ၊ လိပ်ထားတာမျိုးက ပိုပြီးကောင်းပါတယ်။

Velcro roller

ဆံပင်ပါးပြီးကပ်တဲ့သူတွေက velcro roller လေးတွေ ဆောင်ထားသင့်ပါတယ်။ ဆံပင်ကို velcro roller နဲ့ပုံသွင်းရင် အုပ်အုပ်လေးနဲ့ အထပ်လေးတွေ၊ အလိပ်လေးတွေဖြစ်ပြီး ဆံပင်ပုံအရမ်းလှပါတယ်။ ဆံပင်အုံပိုထူသလိုမျိုးလည်း ဖြစ်သွားစေပါတယ်။

Dry shampoo

ဆံပင်ပါးတဲ့သူတွေက ဦးရေပြားအဆီပြန်ရင် သူများထက်ပိုပြီး ဆံပင်တွေကပ်သွားလို့ ကြည့်ရဆိုးပါတယ်။ ခဏခဏခေါင်းလျှော်ဖို့ကျတော့လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါကြောင့် dry shampoo ဆောင်ထားပါ။ Dry shampoo သုံးပေးရင် ခေါင်းလျှော်စရာလည်းမလိုတော့ ဆံပင်စေးကပ်လာပြီ၊ ဦးရေပြားအဆီပြန်လာပြီဆို သုံးလိုက်ရုံပါပဲ။

Short hair

ဆံပင်ပါးတဲ့သူတွေက အရှည်ထားရင် ပါးတာပိုသိသာပါတယ်။ ဒါကြောင့် အရမ်းတိုတာမျိုးလည်းမဟုတ်ပဲ ပခုံးအကျော်လောက်လေးညှပ်ပြီး အောက်နားလေးတွေကို wave လုပ်ပေးတာမျိုး၊ digital perm လုပ်ပေးတာမျိုးနဲ့ဆို ပိုလှမှာပါ။ ဆံပင်လည်းပိုပြီးအုံထူသလို ဖြစ်သွားစေပါတယ်။