ဦးရေပြားကျန်းမာပြီး ဆံသားတောက်ပြောင်စေဖို့အတွက် ရိုးရှင်းတဲ့အချက် ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်။ ဦးရေပြားကျန်းမာမှ ဆံသားသန်စွမ်းပြီး ကျန်းမာမယ်၊ ဆံပင်ကျွတ်တာတွေလည်း သက်သာပါမယ်။ ဒါကြောင့် ဒီအချက်တွေက အရေးကြီးပါတယ်။

Gentle ဖြစ်တဲ့ Hair Care Product တွေသုံးပါ

ပြင်းတဲ့ Hair Care Product တွေက ဆံပင်ကျွတ်တာ၊ ဦးရေပြားပျက်စီးတာတွေ ဖြစ်စေနိုင်တဲ့အတွက် အတတ်နိုင်ဆုံး Gentle ဖြစ်တဲ့ Hair Care Product တွေကို သုံးပေးပါ။

ခေါင်းလျှော်တဲ့အခါညှင်သာပါ

ခေါင်းလျှော်တဲ့အခါမှာ လက်သည်းတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ကုတ်လျှော်တာမျိုးတွေက ဦးရေပြားပျက်စီးစေပါတယ်။ အနာဖြစ်စေပါတယ်။ ဦးရေပြားစပ်ပါတယ်။ ဆံပင်လည်းပိုကျွတ်စေပါတယ်။ ဒါကြောင့် လက်သည်းနဲ့ကုတ်မယ့်အစား လက်ချောင်းလေးတွေနဲ့ ဖြေးဖြေးချင်းစီ Massage လုပ်နှိပ်နယ်ပေးတာက ဦးရေပြားကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

ခေါင်းခဏခဏမလျှော်ပါနဲ့

ခေါင်းခဏခဏလျှော်တာက ဆံသားအတွက်ရှိသင့်တဲ့ အဆီဓာတ်တွေဆုံးရှုံးပြီး ဆံပင်ဖွာတာ၊ ဆံသားခြောက်သွေ့တာတွေ ဖြစ်စေပါတယ်။ ဦးရေပြားအဆီအရမ်းပြန်တာမျိုးလည်း ဖြစ်စေပါတယ်။ ဆံပင်လည်း ကျွတ်စေတဲ့အတွက် ခေါင်းခဏခဏလျှော်တာမျိုး မလုပ်ပါနဲ့။

Omega-3 Supplement

ဦးရေပြားကျန်းမာပြီး ဆံသားသန်စွမ်းပြီး တောက်ပြောင်စေဖို့ဆိုရင် Omega-3 Supplement သောက်ပေးတာလည်း ကောင်းပါတယ်။ Hair Care တွေ သိပ်မလုပ်နိုင်ရင် Supplement သာ သေချာသောက်ပေးပါ။

Scalp Scrub သုံးပါ

အသားအရေကို Scrub တိုက်ပေးရင် Dead Skin Cells တွေဖယ်ရှားပေးပြီး အသားအရေကြည်လင်လာသလိုပဲ ဦးရေပြားအတွက်လည်း Scalp Scrub သုံးပေးတာက ဦးရေပြားမှာရှိတဲ့ အညစ်အကြေးတွေကို သေချာသန့်စင်ပေးပါတယ်။ ဦးရေပြားကျန်းမာပြီး ဆံပင်သန်စေပါတယ်။ ဗောက်ပျောက်ပြီး ဦးရေပြားယားယံတာတွေလည်း သက်သာစေပါတယ်။